3

569 67 126
                                    

မီးရောင်စုံတွေနဲ့ ကလပ်တစ်ခုအတွင်း_

"ကိုကို"

ပြော ဆိုသည့်ပုံစံမျိုးဖြင့် မေးဆတ်ပြလိုက်တော့
ဆူပုတ်ပုတ်မျက်နှာပေးဖြင့်

"အဖြေပေးတော့လို့"

"အဖြေပေးရအောင် မင်းကကိုယ့်ကို ဘယ်တုန်းကဖွင့်ပြောထားလို့တုန်း"

"ကိုကိုနော်...ကျွန်တော် ကိုကို့နောက်ကို ဒီလောက်တကောက်ကောက်လိုက်ပြီး ပြန်ကြိုက်ပေးဖို့ တဖွဖွပြောနေတာကို၊ ကိုကိုအဖြေမပေးချင်တိုင်း မညစ်နဲ့"

"ဟ အဲ့ဒါမင်းဘာသာ အားအားယားယားလိုက်ပြီး ကိုယ့်ကိုနှောင့်ယှက်နေတာလေ၊ မင်းကိုယ့်ကို ချစ်ပါတယ်လို့ ပြောဖူးလို့လား"

"ကိုကိုကလည်း ကျွန်တော်က ကိုကို့ကို နှောင့်ယှက်နေတာမှ မဟုတ်တာ...အဲ့ဒါဆိုအခုပြောမယ်ဗျာ
ကျွန်တော် ကိုကို့ချစ်တယ်၊ စတွေ့ကတည်းကချစ်ခဲ့တာမို့ ကျွန်တော့်ကို ပြန်ချစ်ပေးပါကိုကို"

"နိုး"

တစ်လုံးတည်းအပြတ်ပြောလာတဲ့ကိုကို့ကြောင့် ဆော့မင် ဘာဆက်ပြောရမလဲ မသိတော့ပေ။

"ကိုကို ကျွန်တော့်ကို ဘာလို့ပြန်မချစ်နိုင်ရတာလဲ၊
ကျွန်တော့်မှာ ဘာပြစ်ချက်တွေရှိနေလို့လဲ
အရာရာပြည့်စုံနေတဲ့ အီဆော့မင်ကို ငြင်းတာ ကိုကိုပဲရှိတယ်"

"ကိုယ်မှမင်းကိုမကြိုက်ဘဲ"

"ဘာလို့မကြိုက်တာလဲလို့"

ဆူပုတ်ပြီးမေးလာတဲ့အယ်လ်ဖာပေါက်စဟာ အသံတွေပင်တုန်နေပြီဖြစ်သည်။

"ကိုယ်မသိဘူးလေ၊ သေချာတာကတော့ ကိုယ်မင်းကို အခုထိမချစ်သေးဘူး ဆိုတာပဲ"

"မချစ်သေးတာဘဲ...မချစ်တာမှမဟုတ်တာ
ကိုကို့ကို ဆက်ပြီးစောင့်ရလို့ ကျွန်တော်က ဘာမှမဖြစ်ဘူး ကျွန်တော့်အသက်က ငယ်ငယ်လေး၊ ကိုကိုသာ ကြီးနေပြီးသားအသက်က ပိုပိုကြီးလာမှာ ဗက်ဟက်ဟက်"

ရန်ထောင်နေပေမယ့် ထိုကလေးဟာ ငိုသံတွေပါ ပါနေလေပြီ။

Toilet သွားအုံးမယ်ဆိုပြီး မျက်စောင်းထိုး၊ခြေကိုဆောင့်ပြီး ထွက်သွားတဲ့ကောင်လေးဟာ စိတ်ကောက်သွားပြန်လေပြီ။
ထိုကောင်လေးနဲ့သိလာခဲ့တဲ့ သုံးလ‌ကျော်အတွင်း သိလိုက်ရတာဟာ အနှီအယ်လ်ဖာလေးသည် မထင်ရင်မထင်သလိုစိတ်ကောက်တတ်၏၊ ကောက်တာမှတော်တော်လေးကို ကောက်ပါသည်။ မသိရင် ဂျိုရှူအာဟုန်းတို့က သူ့ကိုကြိုက်နေသည့်အလားပင်။ သူမချော့လည်း သူ့ဟာသူကောက်၊သူ့ဟာသူပြေပြီး သူ့အနားကို မျက်နှာလေးဖြီးပြီး ပြန်ရောက်လာသည်ပင်ဖြစ်၏။
ပြန်မကြိုက်တာတောင် ဒီလောက်အထိကောက်ကွေးနေတာ ပြန်များကြိုက်လိုက်ရင် ဘယ်လောက်များအကောက်ခံရလိမ့်မလဲ သူမတွေးတတ်တော့။

I'll take my hands and trace your linesWhere stories live. Discover now