အခန်း (၄) အနမ်းဦးအခိုးခံရခြင်း

167 17 12
                                    

UNICODE

လူအုပ်ထဲကနေ ပြူးကြောင်ကြည့်နေတဲ့ ချမ်းမြေ့ကို စင်ပေါ်က သက်တံ့က မမြင်ဘူး။ ပတ်ဝန်းကျင်မှာ အရာအားလုံး ရပ်တန့်သွားသလိုမျိုး ချမ်းမြေ့ဟာ သက်တံ့တစ်ယောက်ကိုသာ စိုက်ကြည့်နေမိတယ်။

အချိန်အနည်းငယ်အကြာမှ သတိဝင်လာတဲ့ ချမ်းမြေ့ဟာ သက်တံ့ရှိနေတဲ့ ဒီဂျေစင်ပေါ်သွားဖို့ ကြိုးစားတော့တယ်။ သူရောက်နေတဲ့ ကမ္ဘာကြီးဟာ BL နဲ့ ပေါကား ရောနေတဲ့ ကမ္ဘာကြီးမှန်း သိလိုက်ရပြီး သွေးပျက်နေတဲ့ ချမ်းမြေ့ဟာ သူ့သူငယ်ချင်း သက်တံ့ကို တွေ့ချင်ဇောနဲ့ လူအုပ်ကြားကို အတင်းတိုးဝှေ့ပြီး ထွက်လာတယ်။

ခန်းမရဲ့ ဘေးအစွန်ဘက်ကို ရောက်လုနီးနီးမှာပဲ လူတစ်ယောက်ရဲ့ ခြေထောက်ကို မတော်တဆ ခလုတ်တိုက်မိသွားပြီး ချမ်းမြေ့ဟာ သူ့အရှိန် သူ မထိန်းနိုင်ဘဲ သူ့ရှေ့မှာရှိနေတဲ့ လူတစ်ယောက်ပေါ်ကို ပစ်ကျသွားတော့တယ်။

ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်ပြီး ရပ်သွားချိန်မှာ သူရဲ့နှာခေါင်းလေးဟာ အိစက်တဲ့ပါးမို့မို့ထဲ နစ်ဝင်နေတာကို ချမ်းမြေ့ သတိပြုလိုက်မိတယ်။ အလန့်တကြား ရှူသွင်းလိုက်မိတဲ့ လေထဲမှာ မိတ်ကပ်နံ့က အလုံးအရင်း ဝင်ရောက်လာတယ်။

"ရှင်... ရှင်... "

လန့်ဖျပ်ပြီး ဒေါသထွက်နေဟန်ရှိတဲ့ အသံသေးသေးလေးက တုန်တုန်ရင်ရင် ထွက်ပေါ်လာတယ်။

သူ့ခန္ဓာကိုယ်အောက်မှာ ရောက်နေတဲ့သူဟာ မိန်းကလေးတစ်ယောက်ဆိုတာကို သိလိုက်ရချိန်မှာ သူငယ်ချင်းယောက်ဖ သက်တံ့နဲ့က လွဲလို့ ဘယ်သူနဲ့မှ လက်ပွန်းတတီး မနေဖူးတဲ့ လူပျိုဖျန်းလေး ချမ်းမြေ့ဟာ ရင်တွေ တဒိတ်ဒိတ် ခုန်လာပါတော့တယ်။

ဒါပေမယ့် ချမ်းမြေ့ရဲ့ ရင်ခုန်စရာ အခိုက်အတန့်လေးက ဆယ်စက္ကန့်လောက်တောင် မခံလိုက်ရှာဘူး။ ရုတ်တရက် ဂုတ်ပိုးကနေ အားပြင်းပြင်းနဲ့ ညှစ်ကိုင်ခံလိုက်ရပြီး ချမ်းမြေ့မှာ ကြောင်လေး တစ်ကောင်လို လေထဲ မြောက်တက်သွားရတယ်။

"မင်းက ငါ​ခေါ်လာတဲ့စော်ကို ငါ့ရှေ့မှာ နမ်းရဲတယ်လား"

သြဇာတိက္ကမ ပြည့်ဝလွန်းတဲ့ ခြိမ်းခြောက်သံတစ်ခုက ချမ်းမြေ့ရဲ့ အကြားအာရုံကို လွှမ်းမိုးသွားတယ်။ လှောင်ပြောင်ရိပ်သန်းနေတဲ့ မျက်လုံးတစ်စုံနဲ့ စုံမိချိန်မှာ ချမ်းမြေ့ ဇောချွေးပြန်လာပါတော့တယ်။ သူ့ကို လက်တစ်ဖက်တည်းသုံးပြီး ဂုတ်ကနေ ကိုင်မြှောက်ထားတဲ့ သန်မာထွားကျိုင်းတဲ့ အမျိုးသားဟာ အသက်သုံးဆယ်ဝန်းကျင် ရှိလိမ့်မယ်။

You've reached the end of published parts.

⏰ Last updated: May 02 ⏰

Add this story to your Library to get notified about new parts!

ငါမုန်းတဲ့ကမ္ဘာWhere stories live. Discover now