Part 2 zawgyi

3 1 0
                                    

နောက်တစ်နေ့ နံနက်တွင် ပန်းစည်းနဲ့ note papar လေးကို ကိုင်ထားသော သျှားခေတ်မောင် ကို အမဖြစ်သူ မေက

"သျှား နင်အဲ့တာကြီး ကိုင်ပီး ဘာလုပ်မလို့တုန်း "

"နင်ကလဲ ငါ သေချာပြင်ဆင်သွားရမယ်လေ ငါ ယွန်းဇမ္ဗူကျော်ကို ဖွင့်ပြောမလို့ဟ ရည်းစားစာ ပေးပီးတော့"ဟု သျှားခေတ်မောင် ပုံမှန်လေသံဖြင့်ပြောလေသည်

"မမ ဒါ ခဏကိုင်ထားပါဟာ ငါဆေးလိပ်သောက်ချင်လာလို့"ဟု ပန်းစည်းအား မေ့ကို ထိုးပေးကာ ဘောင်းဘီအိတ်ထဲတွင်အမြဲပါတတ်သည့် mervius ဗူးထဲမှာ တစ်လိပ်ကို ထုတ်ကာ မီးညှိပီးသောက်လိုက်လေသည်

မေသည် "နင် ဘယ်ချိန်ထိ အဲ့ဆေးလိပ်ကို သောက်မှာလဲ ဟမ် နင်အဲ့မိန်းမကို စိတ်မနာနိုင်ဘူးလား သျှားခေတ်မောင်"ဟု ဒေါသသံဖြင့် အော်လိုက်လေသည်

သျှားခေတ်မောင် မျက်လုံးအိမ်တွင် ချက်ချင်း မျက်ရည်ကြည်လေးများ ဝေ့လာကာ မေ့အား

"မမရယ် ငါစချစ်ကတည်းက စိတ်နာဖို့ မုန်းဖို့မှမဟုတ်တာ သူကလေ ဆေးလိပ်သောက်ရင် အရမ်းမုန်းတာဟ ငါမလိမ်မာရင် သူလာဆုံးမမှာတဲ့ ငါအခုဆိုးလို့ လာဆုံးမ မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ငါ ဆိုးနေတာပါဟာ"သျှား၏စကားအဆုံးတွင် သျှား၏ မျက်လုံးအိမ်အတွင်း ဝေ့နေသော မျက်ရည်ကြည်များ ပါးပြင်ပေါ်သို့သက်ဆင်းလာလေသည်

မေလည်း ပြောမိတာကို နောင်တရပီး သျှားကို သနားသော မျက်ဝန်းလေးဖြင့်ကြည့်နေလေသည် မေ့ညီမကို ဒီလိုဖြစ်အောင်လုပ်သွားသော မိန်းမအား မေ မုန်းသည် စိတ်နာသည် သျှားချစ်သည်ကို အလေးမထားဘဲ လမ်းခွဲစကားပြောရက်သည့် ထိုမိန်းမအား မေမုန်းမိသည်

မေဘာမှမတွေးတော့ဘဲ သျှားအား နှစ်သိမ့်ကာ ကျောင်းသို့ သွားကြလေသည်
ကျောင်းသို့ရောက်သော်

"မမဟိုတစ်ယောက်က ငါလိုက်ရမဲ့တစ်ယောက်မလား"ဟု သျှား ကောင်မလေးတစ်ယောက်အား လက်ညှိုးထိုးပြလိုက်သည်

မေက "အေး ထင်တာပဲ ယွန်းဇမ္ဗူကျော်လားဘာလား အရင်မေးပေါ့ဟာ"

"အေးအေး အဲ့ဆို ငါသွားပြောလိုက်အုံးမယ် "
ဟု မေ့အား မျက်စပစ်ကာ ကောင်မလေး အနားသို့ သွားလေသည် အနားသို့ရောက်သော်

Essential of my life 🌻🦋Where stories live. Discover now