Part4(Zawgyi)

1 0 0
                                    

ကျောင်း၏လှေကားတွင်ဖြစ်သည် သျှားခေတ်မောင် သည် ယွန်းအားစကားပြောရန် လာခဲ့ပါဟု ခေါ်ထားခြင်းကြောင့် နှစ်ယောက်လုံး ကျောင်းလှေကားတွင် ရပ်နေကြသည်

"ကိုကို ပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ"ဟု ပြောရင်း သျှားလက်မောင်းအား ဖက်လိုက်လေသည်

ယခုဆို သူတို့တွဲတာ တစ်လပြည့်လေပြီ တစ်လအတွင်း ကိုကိုက သူ့အပေါ် အပြည့်အဝ ဂရုစိုက်ပေးသည်ဟု ထင်သည် ဒါကြောင့်လဲ ကိုကို့အား သူပိုချစ်လာမိသည် (ယွန်းက သျှားကို ကိုကိုလို့ခေါ်တာပါနော်)

"အင်း ယွန်း ကိုတို့လမ်းခွဲရအောင် "ဟု ဖက်ထားသော ယွန်း၏လက်အားဖြုတ်ချကာပြောလေသည်

"ဟင် ကိုကို ယွန်းကိုမနောက်ပါနဲ့ ယွန်းငိုမိလိမ့်မယ် "ဟု ယွန်း သျှားလက်ကို ကိုင်ကာ ပြောလေသည်

"ကို နောက်နေတာမဟုတ်ဘူး ကိုအတည်ပြောနေတာ မင်းနားလည်စမ်းပါ"

"အကြောင်းပြချက်ပေး ဘာကြောင့် လမ်းခွဲရတယ်ဆိုတဲ့ အကြောင်းပြချက်ပေး "ဟု ဒေါသထွက်နေသည့် မျက်လုံးများဖြင့် မေးလေသည်

"အစကတည်းက မချစ်ခဲ့လို့ ကို မင်းကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တာ တွဲသမျှတစ်လျှောက်လုံး ကို အဲ့စိတ်နဲ့ပဲ မင်းကို ဂရုစိုက်ပေးခဲ့တာ မင်းကို ထပ်မညာချင်တော့ဘူးယွန်း ကို မင်းကို ညီမလေးလိုပဲ သဘောထားနိုင်တယ် တောင်းပန်ပါတယ် ခွင့်လွတ်ပါလို့ မတောင်းဆိုဘူး ကိုသွားတော့မယ် "ဟု ပြောကာ လှည့်ထွက်လာလေသည်

ယွန်းမှာ လှေကားတွင် ကြောင်ကာ ရပ်နေမီပီး မျက်လုံးထဲမှ ကျလာသော မျက်ရည်များကိုလဲ မသုတ်မိ သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားသလိုပင် "ညီမလေးတစ်ယောက်လိုတဲ့လား ရက်စက်လိုက်တာ ကိုကိုရယ် "

ခဏအကြာ ယွန်း၏သူငယ်ချင်းဖြစ်သူ ဖူးဖူးရောက်လာကာ အကြောင်းစုံကို မေးမြန်းသည် ငိုနေသော သူငယ်ချင်းကိုချော့ကာ စာသင်ခန်းထဲသို့ ဝင်လေသည်

"ဖူးဖူး နင်ဘယ်လိုရောက်လာတာလဲ "ဟု ယွန်းကမေးလေသည်

"သျှားပြောတာ နင့်သူငယ်ချင်း လှေကားမှာ သွားခေါ်လိုက်အုံးလို့ပြောလို့ ငါနင့်ကိုလာရှာတာ"ဟု ပြန်ဖြေလေသည်

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: May 01 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

Essential of my life 🌻🦋Kde žijí příběhy. Začni objevovat