Part 3(Zawgyi)

2 0 0
                                    

ကျောင်းလှေကားတွင် သျှားခေတ်မောင်သည် ယွန်းဇမ္ဗူကျော်အား မတ်တပ်ရပ်ကာစောင့်နေလေသည်

ယွန်းသည်လည်း အချိန်ကိုက်ပင် လှေကားပေါ်သို့တတ်လာလေသည် မတ်တပ်ရပ်ကာ သူ့ကို ကြည့်နေသော သျှားခေတ်မောင်အားမြင်သော်
'အယ် ဟိုတစ်ယောက် ငါ့ကိုစောင့်နေတာလားမသိဘူး ငါအချိန်ဆွဲတာ တစ်ပတ်ရှိနေပီ ရှောင်နေတာလဲ တစ်ပတ်ရှိပီ ဟူးးးး ကြောက်လိုက်တာ '
ယွန်းသည်စိတ်ထဲက ကြောက်နေသော်လည်း မျက်နှာတွင်မပေါ် အောင် မျက်နှာကို တင်းထားသည်
သျှားရှေ့သို့ရောက်သော် မမြင်ချင်ယောင်ဆောင်ကာ ရှောင်သွားလေသည်

သျှားက"ဟာ ဟိတ် လူတစ်ယောက်လုံးကိုမမြင်ဘူးလား ကျော်သွားရအောင် ကိုယ့်ခန္ဓာကိုယ်က သေးနေလို့လား "

"ဘာလဲ ခင်ဗျားဘာသာ ခင်ဗျား ဘယ်သူ့ကိုစောင့်နေမှန်းမသိဘဲနဲ့ ကျွန်မက နှုတ်ဆက်ပီးပြုံးပြရမှာလား "ဟု လှေကားတတ်ရင်းပြန်ပြောလေသည်

ယွန်းတို့အခန်းမှာ 6လွှာတွင်ဖြစ်သည် ယခုရောက်နေသည်မှာ 3လွှာ ဖြစ်သည် စာသင်ခန်းများသည် တံခါးပိတ်ကာ စာသင်သည်ဖြစ်သောကြောင့် လျှောက်လမ်းတွင်လူရှင်းနေသည်

"ထားပါ အဲ့တာတွေ အဖြေပေးတော့ ကိုယ်စောင့်ရတာ မုန်းလာပီ ကိုယ်အကြာကြီး မစောင့်ချင်ဘူးလို့ ပြောထားတယ်မလား "

"ကျွန်မမှ ခင်ဗျား အကြောင်းတွေမသိတာ ချစ်တယ်ဆိုတာ ဘယ်လိုယုံရမှာလဲ "

"ကိုယ် စဖွင့်ပြောတုန်းက ပြောထားတယ်လေ ဘာလဲ အိမ်ထောင်စုဇယားယူလာပြရမှာလား "ဟု ရီကာ ပြုံးလိုက်လေသည်

"ကျွန်မကလေ ချစ်မိပီဆိုရင် အဲ့တစ်ယောက်ကို ကျွန်မပိုင်မှ ကျွန်မက ကျေနပ်တာ မဟုတ်ရင် အဲ့လူကို ဖျက်စီးပစ်တတ်တယ်ရှင့်"

"အဲ့တာကတော့မင်းအပိုင်းလေ ကိုယ်မင်းကို ချစ်တယ် မင်းကိုယ့်ကို ပြန်ချစ် အခုအဖြေပေးလိုက်တော့ "

"ဟူးးးးးး ခက်ပါလားရှင် "ဟု သက်ပြင်းသဲ့သဲ့ချကာ ပြောလေသည်

"မင်းအဖြေမပေးဘူးဆိုရင် ဒီကနေမသွားရဘူး ကိုယ်တစ်ကယ်ပေးမသွားဘူးနော် "ဟု မျက်ခုံးပင့်ကာပြောလေသည်

Essential of my life 🌻🦋Where stories live. Discover now