t

209 39 35
                                    

"ဟေ...တကယ်ကြီး"

သူ၏ လုပ်ငန်းတွေ အမြတ်တွေ တအားရတာတောင် ဒီလောက် မအံ့ဩ မပျော်ဖူးသူက အခုတော့ မြေးဖြစ်သူ Omega တွေ့နေပြီဆိုတာနှင့် သောက်လက်စ ဝီစကစ်ခွက်ကိုင်ရက်ကြီးနှင့် အံ့ဩပီတိဖြာလျက် ကျေနပ်နေတာဗျာ။

"ဟားးးဟေ့ရောင် မင်္ဂလာဆောင်ဘယ်တော့လောက် ကျင်းပနိုင်လောက်လဲ"

ရောင်စဉ် မျက်နှာပူပူနှင့် ခပ်တိုးတိုးဖြေရသည်။

"အခုထိ သူဌေးနဲ့ အဲ့ကောင်လေး စကားမပြောဖူးပါဘူး"

"ဟမ်"

ပျော်နေသည့် ‌ဆရာကြီးသည် ချက်ချင်း ငြိမ်ကျသွားကာဝီစကီမော့သောက်လေ၏။လည်ချောင်းရှင်းပြီး

"ငါ့ကို မသေချာ မရေရာဘဲလာပြောတာလား"

"မဟုတ်ပါဘူး သူဌေးဘက်က တအားကြွေနေတာ အသိသာကြီးမို့ပါ ဆရာကြီး"

"ဒီကောင့်ကို ငါလိုက်မမှီတော့ဘူး ချစ်ရင်လိုက်လေ ဘာလုပ်နေလဲ သူများနောက်ပါသွားမှ ထိုင်ငိုနေရမှာဘဲ"

ရောင်စဉ် အသာကလေး ပြုံးတော့ ဆရာကြီးသည် မျက်မှောင်ကြီးကြုတ်ကာ ဘာလဲဟူသည့် အထာနှင့် မေးဆတ်ပြလေ၏။

"ဆရာကြီးမြေးက ထူးဆန်းလို့ပါ"

"ဘာကိုလဲ"

"Omegaအလှလေးတွေကြ စိတ်မဝင်စားဘူး ဖိုသီဖက်သီလေးကြ သဲသဲလှုပ်နေလို့"

"ဖိုသီဖက်သီ ဟုတ်လား"

ရောင်စဉ်ခေါင်းငြိမ့်ပြလေသည်။မတ်တပ်ရပ်အနေအထားနှင့်မို့ ဆရာကြီးက ထိုင်ဖို့ပါ မေးငေါ့ပြပြန်သည်။

ရောင်စဉ် အသာဝင်ထိုင်လိုက်တော့ အရက်ခွက် အလွတ်တစ်လုံးတိုးပေးလေသည်။သူလည်း ဘယ်အလွတ်ခံမလဲ ဆရာကြီးနှင့်တစ်ဝိုင်းတည်း ထိုင်သောက်ရတာ ရှားတာကိုး။

"ကောင်လေးက ဘယ်လိုမျိုးလဲ"

"မိဘတွေ မရှိတော့ပါဘူး မြို့လယ်က တိုက်ခန်းကျဉ်းလေးမှာ ငှားနေပါတယ် ဝတ်တာစားတာက မမိုက်ဘူး ဘယ် Alphaမှ မကြိုက်လောက်တဲ့ စတိုင်လ်ပါ ဆရာကြီး ခွေးတစ်ကောင်က နေရာတကာ ပါသေး"

After Undress,your waistline make me salute.Where stories live. Discover now