e

218 38 71
                                    

"ကင်မ်ထယ်ယောင်းသူဌေး ခေါ်နေပါတယ်"

ဘေးက အလှလေးက ထယ်ယောင်းကို သတိထားနော်ဆိုသည့် အကြည့်နဲ့ကြည့်လိုက်‌တာမို့ အသာပြုံးပြကာ လာခေါ်တဲ့ အစ်မကြီးနောက်လိုက်လာရသည်။

Clubထဲ ဝင်လာတော့ ပျော်ပါးနေသည့် Alpha ခပ်ချောချောတွေ၏ အကြည့်တွေလန့်ကာ ပုခုံးကလေးတွန့်သွားမိ၏။

တချို့ဆို Omega ရှိပြီးသားပေမယ့် ဒီမှာလာပြီး အလှလေးတွေနဲ့ လာရောက်‌မြူးကြတာ။ဒီက Omegaလေးတွေသည် Virgin သာဖြစ်ကြသည်ဟု အကုန်လုံးကပြောကြသည်။ပိုင်ရှင်က ဒီClubကို အရက်သောက်ဖို့နဲ့ခဏအပျော်ရှာဖို့ဖွင့်ထားသည်တဲ့။ရှုပ်ရှုပ်ရှက်ရှက်ဖြစ်မည့် Sexကိစ္စများ ဒီမှာ လုပ်မရဟုကြေငြာထားသည်တဲ့။ကောင်းပါတယ် အဲ့တစ်ခုက ဒီက omegaတွေအတွက် သိက္ခာလေးမပွန်းပဲ့တော့တာပေါ့။

"ထယ်ယောင်း သူဌေးက အပေါ်ထပ်တက်သွားနှင့်ပါလား အစ်မ မန်နေဂျာကို ပြောစရာရှိလို့ ခဏနော်"

"ဟုတ်"

ထယ်ယောင်းလည်း Bar Counterနားမှာရပ်စောင့်နေလိုက်သည်။Bar Counterက ကောင်လေးက ပြုံးပြကာ ‌အရက်ခွက်မြှောက်ပြတော့ ခေါင်းခါလိုက်သည်။

"ဝန်ထမ်းအသစ်လား"

"၅ရက်လောက်ရှိပြီ အလုပ်ဆင်းတာ"

"ဟုတ်ကဲ့ ထိုင်လေ"

"အင်း"

ထယ်ယောင်း ခုံမှာ အသာဝင်ထိုင်လိုက်လေသည်။ထိုင်ထိုင်ချင်းClubအဝင်ဝလှမ်းငေးမိသည်။အပြင်ဘက်က သူ၏လုပ်ဖော်ကိုင်ဖက်အလှလေးအား ဘာကြောင့် reception မှာထားပါလိမ့်၊သူ့ရုပ်ရည်နဲ့ဆို dancerဖြစ်ဖြစ် waiterဖြစ်ဖြစ်လုပ်လို့ရရဲ့နဲ့။

ရုတ်တရက် ထိုတံခါးဝမှ သစ်ခေါက်နံ့သင်းသင်းလေးနှင့်အတူ လေပြေကလေး ဝင်လာလေသည်။ထယ်ယောင်း သိချင်နေသည့် Alphaဘယ်သူပါလိမ့်။

သူကားပေါ်က ဆင်းဆင်းချင်း သူ၏ အပိုင်လေးအားမမြင်ရ၍ ပျာသွားသည်။မျက်လုံးက ဟိုကြည့်ဒီကြည့်နဲ့ စိတ်ပူနေတာ စက်က သိ၍ သူ့နားကပ်ကာ

"ဦးရောင်ရှိန် သူဌေးနဲ့ မိတ်ဆက်ပေးဖို့ပြောထားတယ်မဟုတ်လား"

Chegaste ao fim dos capítulos publicados.

⏰ Última atualização: May 03 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

After Undress,your waistline make me salute.Onde as histórias ganham vida. Descobre agora