chapter..30

406 11 0
                                    

"ကြီးကြီးနွယ် ကြီးကြီးနွယ်!! ဟဲ့ မိအေး သူများ မဂ်လာဆောင်မှာ ဘာလို့အဲ့လောက် အော်ခေါ်နေရတာလဲ..!!.."

"အကိုလေး ဟူး..ဟဲ..အကိုလေး သူရိန် ယဥ်တိုက်မှုဖြစ်လို့ ဘယ်လို!! .."

"ဘာ!!..သူရိန်..သူရိန်!! "

"အံ့ဘုန်းသွင် မင်းအခုရပ်လိုက် ဘယ်မှသွားဖို့မစဥ်းစားနဲ့ မင်းမဂ်လာပွဲကိုဖျက်လို့မရဘူး.."

"အဖေ..သူရိန် ယဥ်တိုက်မှုဖြစ်လို့တဲ့အဖေရ တောင်းပန်ပါတယ် လွှတ်ပေးပါ ကျွန်တော်သူရိန်အဆင်ပြေမပြေကြည့်ပြီးပြန်လာခဲ့ပါမယ်နော်.."

"မိအေးဘယ်နားမှာလဲလမ်းထိပ်နားမှာ..အကို.."

"ဟေ့ကောင် အံ့ဘုန်းသွင် သူမိဘတွေရှိတယ် ပြန်လာခဲ့စမ်..အံ့ဘုန်းသွင်... "

ဦးမင်းဇော်ဦး သူ့ရဲ့သားဖြစ်သူကိုခေါ်နေပေမဲ့ သွင်ကတော့ ချစ်ရသူရဲ့စိတ်နဲ့ ဘာကိုမှဂရုစိုက်ဘဲ အလောတကြီးထွက်သွားလေရဲ...

မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သွင်တစ်ယောက် အရာအားလုံး မှောင်မိုက်သွားရလေသည်...လူအများကြီးရဲ့အလည်မှာ သွေးတွေပြည့်နှက်စွာနဲ့လဲကျနေတဲ့သူ့ရဲ့ ချစ်သူလေးကိုသူတွေ့လိုက်ရသည်..

"သူရိန်..သူရိန်..ငါလာရောက်ပီနော် ကျေးဇူးပြုပြီး မအိပ်လိုက်နဲ့နော် "

"ငါ..ငါ မင်းကိုဆေးရုံခေါ်သွားပေးမယ်..တောင့်ခံထားဦးနော်..ခဏလေးဘဲနော်..နော်. "

"သ.သ.သွင်..ငါတောင်းပန်ပါတယ်..ငါဂတိမတည်နိုင်တော့ဘူးသွင်.."

"ဟင့်အင်..မရဘူးနော် သူရိန်..မင်းကဂတိတည်ရမယ် ငါကိုတစ်ယောက်မထားခဲ့ရဘူးနော်.."

"ငါ.ငါတောင်းပန်ပါတယ်..ငါမင်းကိုအရမ်းချစ်ခဲ့တာမလို့..ငါကိုမထားခဲ့ပါနဲ့.."

"ဘာရပ်ကြည့်နေကြတာလဲ!!..ဆေးရုံပို့ဖို့ကားအမြန်ခေါ်ပေးကြပါ​ဗျာ.."

"သွင် မင်းက အစ် မုန်..မုန်းဖို်ကောင်းတယ်သိလား.."

"ငါကို့ထားခဲ့ပီး တခြားသူနဲ့ လက်ထပ်သွားတယ်.."

"ငါကလေ မင်းကိုအရမ်းချစ်ခဲ့တာမင်းသိလား.."

"ဟိုးငယ်.ငယ်ကလေးကတည်းက ငါင မင်းကိုတိတ်တခိုးချစ်နေမိခဲ့တာ.."

မျှော်လင့်ခြင်း ရောင်ခြည်မျှင်Where stories live. Discover now