အပိုင်း ၂၇

514 58 5
                                    


ဆွေးနွေးမှုပဲအဆင်ပြေသွားသလား တစ်ဖက်သတ်ပဲဖြစ်ချင်တာလုပ်လိုက်သလားမသိသော်ငြား မဂ်လာနေ့ရက်သတ်မှတ်ခြင်းနှင့် လိုအပ်သည့်အရာအားလုံးပြင်ဆင်မှုအတွက် သဘောတူညီမှုရသွားပြီဟုဆိုလာလေသည်။

မဂ်လာပွဲကိုတော့ နောက်လဆောင်းဦးမှာကျင်းပမှာဖြစ်သည်။အခမ်းနားအပြင်အဆင်နှင့် အကျွေးအမွေးအားလုံးကို Alphaကြီးမှတာဝန်ယူမည်ဖြစ်ပြီး မဂ်လာပွဲကိုသူပိုင်သည့်ကျွန်းမှာပြုလုပ်မည်ဖြစ်သည်။

ငယ်ငယ်ကစိတ်ရှုပ်မခံချင်ဟုဆိုလာသောကြောင့် အထက်တန်းလွှာအသိုင်းဝိုင်းမှအရေးပါသူများနှင့် ဆွေမျိုးများကိုသာဖိတ်ကြားကာ တစ်နိုင်ငံလုံးကို Liveလွှင့်မည်ဟုဆုံးဖြတ်လေသည်။တဇွတ်ထိုး Alphaကြီးကို ဘယ်သူမှမနိုင်သောကြောင့် အားလုံးခေါင်းညိတ်ရမြဲ။

နောက်တစ်ကြိမ်တစ်နိုင်ငံလုံးကို တုန်လှုပ်စေသည်မှာ သူတို့နှစ်ယောက်၏ Pre Wedding ပုံတွေနှင့် အသစ်ထုတ်လာသော ဥပဒေ နှစ်ရပ်ကြောင့်ပင်။

ပထမဥပဒေမှာ တစ်နိုင်ငံလုံး စံပယ်ပင်​ရောင်းခွင့်မရှိခြင်းပင်။ရောင်းချသည်ကိုတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်းထုတ်ပြန်လာသောကြောင့် အားလုံးဆွံ့အကုန်လေသည်။အဲ့လိုဥပဒေက ဘယ်တုန်းကရှိခဲ့ဖူးလို့လဲ။

ပျံ့နှံ့လာသောကောလဟာလတစ်ခုအားကြားရမှသာ အခြေနေကိုရိပ်မိတော့သည်။နိုင်ငံကျော် Dominant Alpha ကြီး၏တွန့်တိုမှုက ယုတ္တိမရှိတာတော့မဟုတ်ပေ။သူ့ပိုင်ဆိုင်မှုရဲ့ရနံ့ကိုတခြားလူကရှူရှိူက်ခွင့်ရနေမှာ ဘယ်သူကရက်ရောမှာတဲ့လဲ။

ဒုတိယဥပဒေကိုတော့ လက်သင့်ခံနိုင်လေသည်။Omegaများအား စီးကရက်ရောင်းချခွင့်မရှိခြင်း၊သူတို့နှင့်အနီး စီးကရက်သောက်ခွင့်မရှိခြင်းပင်။စီးကရက်သောက်၍ ဆိုးကျိုးတွေသာရှိသည့်အပြင် အငွေ့ရှူရှိူက်ရသူအဖို့လည်းကျန်းမာရေးထိခိုက်သောကြောင့် ဖြစ်သင့်သည့်ဥပဒေတစ်ခုပါပဲ။

နောက်ထပ်အကြောင်းအရာမှာ Pre Wedding ပုံများ တရားဝင်ချပြလာခြင်းပင်။အခန့်ညားဆုံး Alphaကြီးနှင့် အလှလေးတို့အားတွဲမြင်ရခြင်းမှာ မျက်စိပသာဒရှိလှပေသည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now