အခန်း ၂၆

393 61 5
                                    

နှဲသဲ ၊ ပလွေသံ ၊ ဗုံသံတွေနဲ့ မြိုင်ဆိုင်လှတဲ့ ဘုရင့်အခမ်းအနားတစ်ခု ။ ကောက်ကျစ်တဲ့အပြုံးတစ်ခု နီသွေးဖြာနေတဲ့မျက်ဝန်းတို့က အမတ်မင်းများရဲ့အလယ်မှာ ဖြတ်လျှောက်လာတဲ့ စင်သီယာ ။ နန်းဆောင်ပေါ်မှာထိုင်နေတဲ့ သီရိမဟာဒေဝီကိုကြည့်တဲ့သူ့အကြည့်က လှောင်နေတာများလား ။ ဒါမှမဟုတ် အနိုင်ဆိုတာကို ယူသွားလို့လားလို့ တကယ်ပဲ အတွေးများစေပါသည် ။

" ဟား ဟား ဟား ဟား .. .. .. "

စူးစူးနစ်နစ် စုန်းမရဲ့ရယ်သံက နန်းတွင်းတစ်ခွင် ပျံ့နှက်ပြီး ချက်ချင်းဆိုသလို လေပြင်းတွေတိုက်ခတ်လာသည် ။ လက်နှစ်ဖက်ကို ဖွင့်ဟထားတာ​ကြောင့် သူ့ရဲ့ရင်သားတွေက လေပြင်းရဲ့တိုက်ခိုက်မှုတွေနဲ့ အထင်းသားကို လှနေတော့တာပါပဲ ။ အခမ်းအနားကိုရောက်လာတဲ့ လေမုန်တိုင်းသဖွယ် လေလုံးကြီးက သူ့အနောက်မှာ ဝေ့ဝဲစွာဖြင့် သူ့ရဲ့စုန်းအတတ်ကိုပံ့ပိုးပေးနေသလိုမျိုး ။ လွင့်ပျံလာတဲ့ဆံဆတို့က နောက်တစ်မျိုး ဆွဲဆောင်မှုဖြစ်ခဲ့သည် ။

" စက္ခုဝတီပြည်က နောက်ဆုံးတော့ ငါ့လက်ထဲရောက်လာပြီ .. ဟားဟားဟား !! "

အရာအားလုံးချက်ချင်းဆိုသလို ရပ်ဆိုင်းသွားပြီး စင်သီယာရဲ့မျက်ဝန်းဒေါင့်စွန်းက နီသွေးခါနေသည် ။ မီးဟုန်းဟုန်းတောက်နေတဲ့မျက်ဝန်းတွေက သီရိမဟာဒေဝီမိဖုရားကို စူးစိုက်ကြည့်တော့ မိဖုရားလည်း ထိတ်လန့်တကြားဖြစ်သွားတော့တာပေါ့ ။

အလင်းရဲ့အလျှင်လို မိဖုရားရဲ့အနားကို စင်သီယာရောက်ချလာခဲ့ပြီး မိဖုရားရဲ့မျက်နှာကို ကြမ်းကြမ်းတမ်းတမ်းကိုင်ပြီး မျက်နှာချင်းနီးကပ်လျက် ။

" နင့်နေရာက ငါ့နေရာဖြစ်တော့မယ် .. .. "

မျက်ခုံးတစ်ဖက်ကိုပင့်ချီပြီး မိဖုရားရဲ့ကြောက်လန့်တကြားမျက်နှာက စင်သီယာအတွက် သိပ်ကိုမှရယ်ချင်စရာဖြစ်ခဲ့သည် ။

" ဟားဟားဟားဟား ... ... ဟားဟားဟားဟား .. .. "

" မဟုတ်ဘူး !! ! မဟုတ်ဘူး .. !! .."

သီရိမဟာဒေဝီစက်တော်ခေါ်နေရာကနေ ချွေးသံတရွှဲရွှဲနဲ့ မောဟိုက်သံများစုကာ အလန့်တကြားနိုးလာခဲ့တော့သည် ။ စင်သီယာရဲ့လွှမ်းမိုးမှုက မိဖုရားအပေါ်ကို အတော်သက်ရောက်နေခဲ့ပြီ ။ မိဖုရားရဲ့နေ့စဥ်နေ့တိုင်းဟာ စင်သီယာမပါမဖြစ် ဖြစ်ခဲ့တာ ဒီစုန်းမ နန်းတော်ကိုရောက်လာခဲ့တဲ့အချိန်ကမှမဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်ကတည်းကပါ ။ အင်း .. .. အခုက ပိုပြီးတောါအရေးပါခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ် ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now