အခန်း ၂၉

365 49 6
                                    

ချစ်ခြင်းမေတ္တာမှာ နှလုံးသားပဲရှိနေလို့မရဘူး ။ ဦးနှောက်ကလည်း ဒွန်တွဲနေရမယ်တဲ့ ။ ဒါတွေက မှန်တဲ့စကားလည်း မဟုတ်ပါဘူး ။ နှလုံးသားနဲ့ရင်းပြီး ချစ်မိသွားပြီဆို ဦးနှောက်ဆိုတာ ဟိုးအဝေးဆုံးရဲ့ အဝေးဆုံးမှာ ကျန်ခဲ့ပြီပေါ့ ။ စေလိုရာရူးတာပဲလေ ။ နှလုံးသားက ဦးနှောက်နဲ့ခန္ဓာကိုယ်ရဲ့အပိုင်မှ မဟုတ်တော့တာ ။ ဒါကလည်း ဝဋ်ကြွေးတစ်ခုပဲ ။ ဝဋ်ကြွေးလို့ ခေါင်းစဥ်မတပ်ချင်တဲ့ ဝဋ်ကြွေးလှလှလေးပေါ့ ။

စင်သီယာရဲ့ပြုစားခြင်းဟာ စောယွန်းရဲ့ကျန်းမာရေးကို လွန်စွာထိခိုက်စေခဲ့သည် ။ အဲ့ဒီနေ့ကစပြီး အိပ်ရာထဲလဲနေခဲ့တာပဲ ။ စောယွန်းရဲ့ပြဿနာဟာလည်း တိုင်းသိပြည်သိ ဖြစ်နေပြီ ။ ပြည်သူတွေရဲ့ပါးစပ်ဖျားပေါ်မှာ စောယွန်းရဲ့ဇာတ်လမ်းဟာ အမျိုးအစားစုံလို့ပဲ ။ တစ်ချို့ကျတော့ သီရိမဟာဒေဝီကို အပြစ်တင်ကြတယ် ။ တစ်ချို့ကျတော့လည်း စောယွန်းကို စုန်းကောင်ကမွေးလာပြီး မိဖုရားကို ဆက်သတယ်လို့ပြောကြတယ် ။ တစ်ချို့ကျတော့လည်း စောယွန်းက သူ့ကိုယ်သူ ယောက်ျား ၊ မိန်းမမှန်း မခွဲတတ်လောက်အောင် ဉာဏ်မရှိခဲ့တာလားဆိုပြီး အပြစ်တင်ကြတယ် ။

ဇာတ်လမ်းတစ်ချို့ကမှန်သလို ဇာတ်လမ်းတစ်ချို့ကလည်း မှားနေကြပါတယ် ။ အမှန်တရားကိုတော့ ဘယ်သူ့မှ သေချာရေရာစွာ မသိကြကုန်ပေါ့ ။ ဒါပေမယ့် စောယွန်းဟာ စင်သီယာရဲ့လောဘတွေကြားထဲမှာ သနားစရာကောင်းတဲ့​မြေစာပင် ဖြစ်ခဲ့ရသည် ။ သူ့နှလုံးသားနဲ့ရင်းထားလျက်တောင်မှ စင်သီယာဟာ သွေးအေးခဲ့၏ ။

" စောယွန်း .. ငါ့ကိုအပြစ်မတင်စမ်းပါနဲ့ကွယ် ။ နင်ဟာငါ့ဓားစာခံဖြစ်လာဖို့ မွေးဖွားလာခဲ့တာပဲလေ .. ကျေကျေနပ်နပ်ကြီး ခံယူလိုက် .. ငါ့ကိုချစ်ရင်ပေါ့ !! "

မွေ့ယာပေါ်မှာ တိတ်ဆိတ်နေတဲ့ စောယွန်းက အခုအချိန်မှာ မောင့်ပန်းကလေးလို့လည်း မခေါ်နိုင်တော့ဘူး ။ အသိစိတ်တွေလည်း မရှိခဲ့ပြန် ။

စောယွန်းဘေးမှာထိုင်ပြီး မျက်နှာကိုလက်ချောင်းတွေနဲ့ ထိတွေ့သည် ။ စုန်းမမသီသစွာနဲ့ မျက်ရည်တွေဝေ့ဝဲနေရဲ့ ။

စက္ခုဝတီပြည်သို့ စင်သီယာ ရောက်လတ္တံ့Where stories live. Discover now