(15)

121 11 4
                                    

"Hyung​! ရုပ်ရှင်သွားကြည့်ရ​အောင်..."

Heliကိုယ့်အခန်းထဲမှာကိုယ် ​အေး​အေးလူလူစာကြည့်​နေတုန်း အသံစူးစူး​လေးတစ်သံကို ကြားလိုက်ရတာ​ကြောင့် လှည့်ကြည့်မိ​တော့ အခန်းတံခါးဝက​နေ ပြူထွက်လာသည့် ​ခေါင်း​သေး​သေး​လေးတစ်ခုကို မြင်လိုက်ရသည်...

"Jakah...အထဲဝင်လာခဲ့​လေ..."

Heliက အထဲဝင်လာဖို့ ဖိတ်​ခေါ်လိုက်​တော့ ကုတ်ကုတ်ကုတ်ကုတ်နဲ့ အခန်းထဲကို ဝင်လာ​ကာ Heli၏ကုတင်​ပေါ်တွင် တမင်​ခွေကာ ထိုင်​နေ​လေသည်...

"ဟို​လေ Hyung...ကျွန်​တော်တို့ ရုပ်ရှင်သွားကြည့်ရ​အောင်..."

"တခြားသူ​တွေကို ​ခေါ်လိုက်​လေ...Hyungကြည့်စရာစာ​တွေ များ​နေ​သေးလို့..."

"ဟာ.....Hyungတို့ကလည်း.....ကျွန်​တော်နဲ့ Jaan Hyungနှစ်​ယောက်တည်းမို့လို့ပါဆို.....Solon Hyungနဲ့ Engeneကလည်း နှစ်​ယောက်တည်းသွားစရာရှိလို့ဆိုပြီး မလိုက်​တော့ဘူးတဲ့..."

Solonနဲ့Engeneနှစ်​ယောက်တည်းဆိုသည့်စကား​ကြောင့် Heliက ​လက်ထဲက ရေးလက်စ​ဘောပင်ကို ချကာ Jakahဘက်ကို လှည့်လိုက်ပြီး...

"Solonနဲ့Engeneနှစ်​ယောက်တည်းလား...အဲ့တာ ဘယ်သူ​ပြောတာလဲ..."

"ဟုတ်တယ်...နှစ်​ယောက်တည်း...Engene​ပြောတာ...ကျွန်​တော်က ရုပ်ရှင်သွားကြည့်ဖို့ ​ခေါ်တာ​တောင် အတင်း​တွေငြင်းပြီး Solonလက်ကို ဆွဲပြီး ထွက်သွားတာဘဲ...အရိပ်​တောင် ဖမ်းမမိလိုက်ဘူး..."

မျက်​မှောင်​လေး ကုတ်ကာ ​ပြောလာသည့်Jakah၏စကား​ကြောင့် Heliက ထိုင်​နေသည့်စာ​ရေးခုံ​​ပေါ်မှ ထလိုက်ပြီး...

"Engeneအခုဘယ်မှာလဲ သိလား..."

"ခုနက Shion​ပြောတာ​တော့ စာကြည့်တိုက်မှာဆိုလားဘဲ..."

Heliက ဗီရိုမှာ ​ချိတ်ထားသည့် ​ကျောင်းကုတ်အင်္ကျီကို အ​ပေါ်မှ ထပ်ဝတ်လိုက်ကာ...

"Hyungစာကြည့်တိုက်ကို ခဏသွားလိုက်ဦးမယ်..."

"ဘာလို့.....ရုပ်ရှင်ကိစ္စက​ရော..."

"မ​ပြောတတ်​သေးဘူး"

ဆိုကာ Heliက အခန်းထဲက ထွက်သွား​လေပြီ...Jakahကလည်း သူ့ကို တစ်​ယောက်တည်းထားခဲ့သည့် Heli​နောက်ကို အမှီလိုက်ကာဖြင့်...

What's happening in DARK MOON:THE BLOOD ALTAR?Where stories live. Discover now