(16)

81 9 7
                                    

"​တောနက်ထဲမှာ ဒီလိုမျိုးမိုက်တဲ့စံအိမ်ကြီး ရှိ​နေတာတဲ့လား..."

"ဟုတ်ပ​နော်"

Sooha၏စကားကို Engeneက ​ထောက်ခံ​ပေးလိုက်ပါသည်...

"မိုက်လွန်းလို့ တကယ်...ကြယ်သီး​တောင် ထတယ်...ဒီမှာကြည့်..."

Soohaက Engene၏အနားကို တွန်းကပ်ကာ သူ့ရဲ့အင်္ကျီလက်ကို ဆွဲတင်ပြီး ​ထောင်​နေသည့်အ​မွေး​သေး​သေး​လေး​တွေကို ပြလာသည်...

"​အေးပါ ​အေးပါ..."

ဒီ​နေ့က Heliတို့ညီအစ်ကို၇​ယောက်၏​မွေး​နေ့ဖြစ်သည်...အကုန်လုံးက ဘယ်​နေ့ ဘယ်အချိန်မှာ ​​မွေးဖွားခဲ့မှန်း မသိတာ​ကြောင့် ၇​ယောက်စလုံး ​မိဘမဲ့​ဂေဟာကို ​ရောက်ခဲ့သည့်​နေ့ဖြစ်သည့်​အောက်တိုဘာ၂ရက်​နေ့ကို ၇​​ယောက်လုံး၏​မွေး​နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု Heliက​ပြောပြခဲ့ဖူးသည်...

Engeneကို​ရော Soohaကို​ရော ​မွေး​နေ့ကိုလာ​ရောက်​ပေးရန် ဖိတ်ထားခြင်းဖြစ်သည့်အတွက် Heliတို့ညီအစ်ကို၇​ယောက်၏အပိုင်ဖြစ်သည့် ​တောအုပ်အလယ်တွင် တည်ရှိ​နေသည့် စံအိမ်ကြီးတွင် ​ရောက်ရှိ​နေခြင်းဖြစ်သည်...

Engeneနဲ့Soohaက စံအိမ်ကြီးအ​ရှေ့ကို ​ရောက်လာပြီး မကြာခင်မှာဘဲ Heliတို့ညီအစ်ကို​တွေက စံအိမ်ကြီးထဲက​နေ အပြင်ကို ထွက်လာ​လေသည်...ရင်ဘက်က အင်္ကျီအိတ်ကပ်တွင်လည်း ပန်းတစ်ပွင့်စီကို ထိုးထားကြ​သေးသည်...

"​ရောက်လာကြပြီလား..."

"အင်း..."

Engene၏ခပ်ပြတ်ပြတ်အသံတစ်ခု...ထိုအခါ Solonက...

"ဘာဖြစ်လို့လဲ Engene...​နေမ​ကောင်းဘူးလား..."

​ပြောရင်းဆိုရင်း Engeneအနားကို ကပ်လာပြီး နဖူး​ကို လက်နဲ့စမ်းလာသည့် Solonနဲ့Engeneကို Heliအပါအဝင် Soohaနဲ့အကုန်လုံးက ဝါးစားမတက်စိုက်ကြည့်လာသည်မို့ Engeneက အ​နောက်ကို ဆုတ်လိုက်ကာ...

"​ကောင်းပါတယ် Solonရဲ့...ဒီတိုင်း ​တောအုပ်ထဲဆို​တော့ လမ်း​လျှောက်လာရတာ နည်းနည်း​ဝေး​တော့ ​မောလို့ပါ..."

Engeneက တမင် ရင်ဘက်ကိုဖိကာ အသက်ကိုပြင်းပြင်းရှူပြီး ​မော​နေသည့်ပုံစံဖြင့်​ပြော​တော့...

What's happening in DARK MOON:THE BLOOD ALTAR?Where stories live. Discover now