(17)

152 15 14
                                    

Khan,Enzy,Najak,Tahel,Engene,Soohaတို့၆ယောက်က စကား​လေးတ​ပြော​ပြောဖြင့် လမ်း​လျှောက်လာခဲ့ကြသည်...Khanနှင့်Engeneက တစ်တွဲ​လျှောက်လာပြီး Najakနှင့်Enzyတို့က တစ်တွဲဖြစ်ကာ Tahelနဲ့Soohaတို့က နှစ်​ယောက်စီ စကား​ပြောရင်း လမ်း​လျှောက်လာကြသည်...အကုန်လုံးက လိုက်​လျောညီ​ထွေရှိကြပြီး ​ပေါ့​ပေါ့ပါးပါးပင် ဖြစ်​နေကြသည်...ထိုအချိန်တွင် Soohaက Tahelနဲ့စကား​ကောင်း​နေရင်းမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ​ခြေလှမ်း​တွေကို ရပ်ပစ်လိုက်သည်...ထို့​နောက်...

"ဟို.....သူငယ်ချင်းတို့...နင်တို့ အရင်သွားနှင့်ကြမလား..."

ရုတ်တရက်ကြီး Soohaက ​ပြောလာ​တော့ အကုန်လုံး၏အကြည့်​တွေက Soohaဆီကို ​ရောက်လာပြီး Engeneက...

"တစ်ခုခုဖြစ်လို့လား..."

"မဟုတ်ပါဘူး...​မွေး​နေ့အိမ်မှာ ငါ့ပိုက်ဆံအိတ် ​မေ့ကျန်ခဲ့လို့..."

"​အော်...ငါအတူလိုက်ခဲ့​ပေးမယ်​လေ.....Khanတို့က ပြန်နှင့်​လို့ ရတယ်...ငါတို့ကို မ​စောင့်နဲ့​တော့..."

"ရတယ် ရတယ်...ငါ့ဘာသာဘဲ သွားလိုက်​တော့မယ်..."

Soohaက တစ်​ယောက်တည်းသွားလို့ အဆင်​ပြေ​ကြောင်း ​ပြော​နေ​တော့လည်း Engeneက ​မလိုက်​တော့ဖို့ ဆုံးဖြတ်လိုက်သည်...ထို့​နောက် သူမ၏မတည့်အတူ​နေအခန်း​ဖော်အား တာ့တာပြကာ...

"အင်း...အဲ့တာ​ဆိုလည်း ပြီး​ရော​လေ..."

Engeneကို တာ့တာပြန်ပြပြီးတာနဲ့ Soohaက အ​လောတကြီးဖြင့် ​လာခဲ့ရာလမ်းအတိုင်းပြေးသွား​တော့သည်...Engeneက Sooha​ပြန်ပြေးသွားသည်ကို မြင်ကွင်းထဲမှ ​ပျောက်သွားသည်အထိ ​ငေးကြည့်​နေပါသည်...တစ်​ယောက်တည်းဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့လည်း ပူပန်​​နေပါ​သေးသည်...

.
.
.

Soohaက တစ်​ယောက်တည်း ​မွေး​နေ့အိမ်နားကို ပြန်​ရောက်လာ​တော့ အလာတုန်းကနဲ့မတူသည့် စိတ်ခြောက်ခြားမှုကို ခံစား​နေရသည်...Engeneလိုက်ခဲ့မယ်​ပြောတုန်းက ​ခေါ်ခဲ့ရမှာဟုလည်း ​တွေးရင်း ​နောင်တရ​နေ​လေသည်...

"အများနဲ့မဟုတ်ဘဲ တစ်​ယောက်တည်း လာတာမို့လို့များလား..."

ထူးထူးဆန်းဆန်း​ကောင်းကင်ကပါ ရုတ်တရက်​မှောင်ကျသွားသလို ခံစား​နေရသည်...သူမ၏လက်က ကြက်သီး​မွေးညှင်း​တွေကလည်း ​ထောင်ထ​နေ​​လေသည်...မသိရင် ​ကြောက်စရာတစ်ခုခုကြုံ​တွေ့ရ​တော့မည့်အတိုင်း...သူမက လက်ကို ပိုက်ထားကာ သူမ၏လက်​မောင်း​တွေကို ပွတ်​နေ​မိသည်...

You've reached the end of published parts.

⏰ Last updated: May 18 ⏰

Add this story to your Library to get notified about new parts!

What's happening in DARK MOON:THE BLOOD ALTAR?Where stories live. Discover now