Epilogue ❤

164 10 3
                                    

Recommend Song - I Think I did ( 그랬나봐 ) by Kim Hyung joong

3ရက်မြောက် ၊ Jun အိမ်ပြန်မလာတာ 3ရက် မြောက်ရှိသွားပြီဖြစ်သည် ။ ပုံမှန်လိုပဲ အိမ်ထဲ၀င်လာ ၊ ကိုယ်လက်ဆေးကြောပြီး ဆိုင်ကမှာထားသည့် ညစာစားနေပေမယ့် ရင်ထဲ တစ်စို့နေလေသည် ။ အရသာလည်းမတွေ့သလို ကြာရင် အစာမကြေပါ ဖြစ်တော့မလိုပင် ။ နှစ်နဲ့ချီပြီး တစ်ယောက်သောသူ ချက်ကျွေးလာသည်ကိုပဲ စားလာခဲ့သည်မို့ နာမည်ကြီးစားသောက်ဆိုင်က ဟင်းလျာများကပင် အရသာမရှိနေသလို ။

အစာရှိရုံသာ စားလိုက်ပြီး ကော်ဖီဖျော်ဖို့ ပြင်လိုက်ပေမယ့် ရေထည့်သည်က လက်လွန်သွားပြန်တော့ သောက်ဖို့ပင်အဆင်မပြေတော့ ။ အသစ်လည်း ထပ်မဖျော်တော့ပဲ ဧည့်ခန်းထဲသာ ပြန်၍ ရသစုံရှိုးတစ်ခုကိုဖွင့်ကာ ထိုင်ကြည့်နေလိုက်သည် ။

ပုံမှန်ဆိုရင် အဆာပြေမုန့်လေးနဲ့ လက်ဖက်ရည်ဖြစ်ဖြစ် ၊ ကော်ဖီဖြစ်ဖြစ်ဖျော်ထားပေးပြီးလောက်ပြီ ။ နေ့စဥ်ဘ၀တွေမှာ အရေးမပါဟု သတ်မှတ်သည်များကပင် အတော်လေး လစ်ဟာနေပြန်သည် ။ သက်ပြင်းသာ ဖွဖွချလိုက်ရုံအပြင် ဘာမှမတတ်နိုင် ၊ ဖုန်းပဲဖြစ်ဖြစ် ဆက်လိုက်ရင်ကောင်းမလား ။ မဟုတ်သေးပါဘူး ၊ ဆက်မယ့်ဆက် အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်ကဆင်းသွားတဲ့သူက ဆက်ရမှာမဟုတ်ဘူးလား ။

စိတ်ရှုပ်စွာနဲ့  ရင်အေးသွားစေရန်အလို့ငှာ ရေခဲရေလေးတခွက်လောက် သောက်ဖို့သာ ဆုံးဖြတ်လိုက်သည် ။ မီးဖိုထဲ ထပ်၀င်သွားပြီး ရေခဲသေတ္တာထဲမှ ရေခဲရေ တဘူးဆွဲယူလိုက်ပြီး စားပွဲပေါ်တွင်တင်ထားသည့် ခွက်ထဲထည့််လိုက်၏ ။ ပြီးနောက် အဖုံးပြန်ပိတ်ပြီး ရေခဲသေတ္တာထဲ ပြန်ထည့််ဖို့အလုပ် စက္ကူဘူးလေးဖြင့် ချောကလက်နွားနို့လေးတစ်ဘူးကို တွေ့လိုက်ရသည် ။

" ၀ယ်ပေးထားတာပဲ အဖတ်တင်တယ် ။ သူ့ဟာသူ အိမ်ပြန်မလာလို့ မသောက်ရတာ ၊ သူ့ထိုက်နဲ့သူ့ကံပဲလေ "

ပြောပြောဆိုဆိုဖြင့် ရေဘူးပြန်ထည့်ပြီးသည်နှင့် ချောကလက်နွားနို့ဘူးလေးအား အမှိုက်ပုံးထဲ ကောက်ပစ်ထည့််လိုက်သည် ။ ရေခဲသေတ္တာကိုပါ အသံမြည်အောင် ဆောင့်ပိတ်လိုက်ပြီး ရေခဲရေအေးအေးလေးကိုသာ မော့ချလိုက်တော့သည် ။

Delight in hell - ငရဲခန်း၌ မွေ့လျော်ခြင်း < Season 1 Completed > Where stories live. Discover now