One

171 14 0
                                    

*ရိုင်းစိုင်းသောအသုံးအနှုန်းများပါဝင်ပါသဖြင့်Sensitiveဖြစ်ရင်မဖတ်ဘဲကျော်သွားပေးလို့ရပါတယ်ရှင် Imageထိခိုက်စေလိုခြင်းရည်ရွယ်ချက်မရှိပါ*

"ကျစ် ဒီစောက်ပန်းစည်းကငါ့စားပွဲပေါ်ရောက်နေရပြန်ပြီ အာရုံပဲ"

ပြောရင်းဆိုရင်းအတန်းထဲဝင်လာတဲ့ဂျီဆူးတစ်ယောက်သူ့စားပွဲပေါ်ရောက်နေတဲ့ပန်းစည်းလှလှလေးကိုအကြမ်းပတမ်းယူသွားကာအတန်းရှေ့ကအမှိုက်ပုံးထဲပစ်ချလိုက်သည်။

"အဲ့ပန်းစည်းတွေပို့တဲ့ကောင်လေးကတော့တော်တော်ဇွဲရှိတာနော် သူကလည်းပို့တယ် မင်းကလည်းပစ်ချတယ် ဟုတ်နေရောပဲ"

ဆွန်းယောင်းကရယ်မော၍ပြောနေသော်လည်းဂျီဆူးကတော့မရယ်နိုင်ဘဲတော်တော်ကိုစိတ်အနှောင့်အယှက်ဖြစ်ရပါသည်။

ဘာလို့လဲဆိုသူ့ကိုအဲ့ဒီ့ပန်းစည်းတွေပို့နေတဲ့သူဟာယောကျာ်းလေးတစ်ယောက်​ဖြစ်နေ၍သာ။

Homophobicတစ်ယောက်အနေနဲ့ဂျီဆူးကတော့သူ့ဆီတစ်ရက်တစ်ရက်ရောက်လာတဲ့ပန်းစည်းတွေကော ထိုပန်းစည်းတွေကိုပို့တဲ့သူ့ကိုကောမမြင်ဖူးသည့်တိုင်အတော်လေးကိုရွံမုန်းမိပါသည် ယောကျာ်းလေးတစ်ယောက်ဖြစ်လျက်​တခြားယောကျာ်းလေးတစ်ယောက်ကိုပန်းစည်းတွေပို့ စာတွေရေးပြီးထည့်နေတာမရှက်ဘူးလားဟူး၍သာမျက်နှာချင်းဆိုင်မေးကြည့်ချင်တော့သည်။

ထိုအချိန်ဂျီဆူးတို့အတန်းရှေ့Corridorနားမှာအမှိုက်ပုံးထဲသနားစရာကောင်းလောက်အောင်နင်းခြေပစ်ချခံလိုက်ရတဲ့ပန်းစည်းလေးကိုကြည့်ပြီးမျက်ရည်ကျနေခဲ့တဲ့ကောင်လေးတစ်ယောက်လည်းရှိနေခဲ့သည်။

မဖြစ်သေးပါဘူး ဂျီဆူးအတန်းထဲကနေပဲဖြစ်ဖြစ်လှမ်းမတွေ့ခင်အမြန်ထွက်သွားမှပါ

ကျောင်းဆင်းတော့ဂျီဆူးတို့သူငယ်ချင်းတွေLockerတွေရှိတဲ့ဘက်ကိုပစ္စည်းတွေသိမ်းဖို့ရောက်လာကြသည်

ကောင်လေးတစ်ယောက်ဟာလည်းCorridorထောင့်န​ံရံလေးကနေပုန်းကာကြည့်နေရင်းသူ့ရဲ့ပါဝါအထူကြီးနဲ့မျက်မှန်ကိုပင့်တင်ကာအာရုံစိုက်လိုက်သည်

𝑾𝒂𝒊𝒕 𝑭𝒐𝒓 𝒀𝒐𝒖𝒓 𝑳𝒐𝒗𝒆 || 𝐉𝐢𝐇𝐚𝐧Where stories live. Discover now