Final

103 16 2
                                    

ကုန်ဆုံးသွားသော အချိန်မှာခြောက်လ။ ဟုန်းဂျီဆူးအတွက်တော့ ယွန်းဂျောင်ဟန်ဆီကို နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားဖို့ လုံလောက်သည်ထက်ကိုပိုသည့် အချိန်ကာလဖြစ်ခဲ့သည်။

ဒီနေ့ဂျီဆူးတစ်ယောက် ဂျောင်ဟန်ကိုဖွင့်ပြောဖို့ အားခဲထားတဲ့နေ့။ ဂျောင်ဟန်အလုပ်ဆင်းတဲ့အခါ သူတို့နှစ်ယောက် ကုမ္ပဏီကိစ္စနဲ့စတွေ့ခဲ့တဲ့ စားသောက်ဆိုင်မှာပဲ ဖွင့်ပြောဖို့ပြင်ဆင်ထားတာဖြစ်သည်။

SJရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ချွဲဆွန်းချောလ်နဲ့ယွန်းဂျောင်ဟန်ရဲ့ သို့လောသို့လောသတင်းတွေကို ဂျီဆူးသိမနေဘူးဆိုရင်တော့ လိမ်ရာကျမည်သာ။ သူဟာလည်းလုပ်ငန်းစုရဲ့အမွေဆက်ခံသူတစ်ယောက်ပဲဆိုတော့ သူ့မှာယှဥ်ပြိုင်စရာရှိလည်း အရည်အသွေးအလုံအလောက်ရှိသည်ဟုခံယူထားသည်။

ထိုစဥ်ဂျောင်ဟန့်ဆီမှာဝင်လာသည့်မက်ဆေ့ချ်

ဒီနေ့ကျွန်တော်နဲ့ ခဏတွေ့ပေးလို့ရမလားဟုန်းဂျီဆူးရှီး အရေးကြီးတာပြောစရာရှိလို့ပါ

ရပါတယ် ဒါပေမယ့် ဂျောင်ဟန်ကိုအလုပ်ဆင်းရင်ချိန်းဖို့ ဘိုကင်တင်ထားတဲ့နေရာရှိလို့ အဲ့ဒီ့ကိုပဲလာပေးလို့ရမလား

အင်း ရပါတယ် ဘယ်နေရာလဲတစ်ချက်ပြောပေးပါလား

ကျွန်တော်တို့ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုကိစ္စဆွေးနွေးဖို့ ပထမဆုံးတွေ့ခဲ့တဲ့နေရာ ***စားသောက်ဆိုင်ကိုပဲလာခဲ့ပေးပါ

ကောင်းပါပြီ ခဏနေရင်တွေ့ကြတာပေါ့

ဂျောင်ဟန့်ဘက်ကလည်း အရေးကြီးတာပြောစရာရှိသည်ဆို၍ ဂျီဆူးအနည်းငယ်တော့စိတ်ဝင်စားမိသည်။ အလုပ်ဆင်းတဲ့အခါ တက်ကြွတဲ့ခြေလှမ်းတွေနဲ့စားသောက်ဆိုင်ဆီကိုသွားမိတော့ ကြိုရောက်နေပြီဖြစ်တဲ့ဂျောင်ဟန်။

"ရောက်လာပြီလား"

"ဂျောင်ဟန်စောင့်ရတာကြာသွားလားမသိဘူး ကျွန်တော်အလုပ်ပြီးတာနဲ့တန်းလာခဲ့တာကို"

"မကြာပါဘူး အရင်စားစရာရှိတာစားပြီး ပြောစရာရှိတာပြောကြတာပေါ့"

𝑾𝒂𝒊𝒕 𝑭𝒐𝒓 𝒀𝒐𝒖𝒓 𝑳𝒐𝒗𝒆 || 𝐉𝐢𝐇𝐚𝐧حيث تعيش القصص. اكتشف الآن