Two

86 16 0
                                    

ရက်သတ္တပတ်အကြာ

"ဂျီဆူးရား မင်းကိုကြိုက်လို့လက်ဆောင်တွေဆက်တိုက်ပို့ခဲ့တဲ့ကောင်လေးလေ ယွန်းဂျောင်ဟန်ဆိုလား သူကျောင်းထွက်သွားပြီတဲ့"

"ထွက်သွားပြီလား ကောင်းတာပဲ ငါ့ကိုအာရုံလာမနောက်တော့ဘူးပေါ့"

ဂျီဆူးကတော့ ပေါ့ပျက်ပျက်သာ ပြောလိုက်သည်။ တကယ်တမ်းလည်း ဂျောင်ဟန်ကျောင်းထွက်သွားပြီးလို့လည်း ဂျီဆူးဘက်က ဘာမှထူးထူးခြားခြား မခံစားရပါ။ဆက်တိုက် အနှောင့်အယှက်တစ်ခုလို့သာ မြင်နေခဲ့တာမို့လို့။








ဒီလိုနဲ့နှစ်တွေကြာညောင်းလာလိုက်တာဂျီဆူးတောင်အလုပ်ဝင်ရမယ့်အရွယ်သို့ရောက်လာခဲ့သည်။ အဖေ့ရဲ့ကုမ္ပဏီကို အမွေဆက်ခံဖို့အတွက် အောက်ခြေကနေတစ်ဆင့်ချင်း သင်ယူရမည်ဆို၍ ဂျီဆူးကို ကုမ္ပဏီမှာ မားကတ်တင်းဌာနရဲ့ ဌာနမှူးရာထူးပေးထားသည်။

အမွေဆက်ခံသူဖြစ်တဲ့အလျောက် ဂျီဆူးဟာလည်း အတော်လေး အလုပ်ကြိုးစားရှာပါသည်။ ဒီနေ့ကတော့ ဂျီဆူးတို့ကုမ္ပဏီကို ရှယ်ယာလာဝင်မယ့် SJလုပ်ငန်းစုနဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးရမယ့်အချိန်။

အမှန်ဆို ဒီနေ့ဆွေးနွေးရမယ့်က အရေးကြီးလို့ ဂျီဆူးအဖေ ဥက္ကဋ္ဌကြီးပါ အတူလာရမှာပေမယ့် ကျန်းမာရေးကြောင့် ခဏအနားယူပြီး ဂျီဆူးတစ်ယောက်တည်းသာ တွေ့ဆုံမယ့်စားသောက်ဆိုင်ကို ရောက်လာရသည်။ SJလုပ်ငန်းစုရဲ့ ဂျီဆူးတို့နဲ့ရွယ်တူလောက်ပဲရှိတယ်ပြောတဲ့ အသက်ငယ်ငယ်ဥက္ကဋ္ဌက တခြားအရေးကြီးကိစ္စရှိလို့ သူတို့ဘက်ကလည်း မားကတ်တင်းဌာနမှူးကိုပဲ လွှတ်လိုက်မည်တ​​ဲ့။

ဘိုကင်ကြိုတင်ထားတဲ့ စားသောက်ဆိုင်အခန်းထဲမှာ ဂျီဆူးတစ်ယောက်တည်းစောင့်နေတုန်း ရုတ်တရက်တံခါးပွင့်လာသည်။

ထိုသူက အတော်လေးကိုလှသည်။ SJဘက်ကဌာနမှူးက ယောကျာ်းလေးလို့ အဖေပြောထားတာကိုတောင် ဂျီဆူးပြန်သံသယဝင်မိသည်။ ထိုဂုတ်ထောက်နေတဲ့ ဆံနွယ်တွေနဲ့သူဟာ ယောကျာ်းလေးကော ဟုတ်ပါရဲ့လား။ အခုအသက်ထိ ယောကျာ်းလေးတွေအပေါ် ဘာခံစားချက်မှမရှိ၊ လိင်စိတ်တိမ်းညွတ်ခြင်း တစ်ခါမှမရှိခဲ့ဖူးတဲ့ ဂျီဆူးကို မြင်"ချင်း ထူးဆန်းတဲ့ခံစားချက်တွေ ဖြစ်စေခဲ့ပါသည်လေ။ ရင်းနှီးသလိုရှိနေတဲ့ အသိကိုတော့ ဂျီဆူးကိုယ်တိုင်ပင် သတိမပြုမိလိုက်သည်မှာ အမှန်။

𝑾𝒂𝒊𝒕 𝑭𝒐𝒓 𝒀𝒐𝒖𝒓 𝑳𝒐𝒗𝒆 || 𝐉𝐢𝐇𝐚𝐧Where stories live. Discover now