Part-27 Uni/Zawgyi

3K 149 33
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-27

Showroomကိုစောင့်ပေးမည့်ဦးမြင့်ဝေတို့က လမ်းမှာကားဘီးပေါက်သည်ဆိုတာကြောင့်စောင့်နေရသည်ကနည်းနည်းကြာသွားသည်။လီလီကတော့ခမ်းဖျော်ပေးသည်ကော်ဖီကိုသောက်ရင်းဖုန်းကြည့်နေပေမယ့် ခမ်းကတော့ အလုပ်စားပွဲကနေသူမဘေးသို့ပြောင်းထိုင်ပြီးlaptopထဲကနေဒီလထပ်ထည့်ဖို့အတွက်ကားတွေကိုကြည့်နေလေသည်။

"ကိုရေ"

"ဗျာ"

လီလီကခေါ်လိုက်သည်နှင့်ခမ်းဟာအလုပ်လုပ်နေရင်းမှမဆိုင်းမတွပြန်ထူးလာပြီးသူမကိုကြည့်လာခဲ့သည်။

"ဦးမြင့်ဝေတို့ကိုဖုန်းထက်ဆက်ကြည့်ပါအုံးလား...အချိန်ကကြာနေပြီ11နာရီတောင်ထိုးတော့မယ်"

ခွန်ခမ်းကသူမဝယ်ပေးထာသည့်လက်ကနာရီကိုတစ်ချက်ကြည့်လိုက်ပြီးစူပုတ်ပုတ်လေးလုပ်နေသည့် လီလီ့ရဲ့ပါးလေးကိုဖြတ်ကနဲနမ်းလိုက်ကာစားပွဲပေါ်ကဖုန်းကိုယူလိုက်ပြီးနံပါတ်တစ်ခုကိုနှိပ်လိုက်လေသည်။

"အားနေ နမ်းနေတာပဲ"

ခပ်တိုးတိုးလေးဆိုလိုက်သည့်လီလီအသံကိုကြားလိုက်ကာဖုန်းဆက်နေရင်းမှရယ်လိုက်ပြီးသူမပါးလေးကိုဆွဲဖဲ့လိုက်သည်။

"မကျေနပ်ရင်ပြန်နမ်းလိုက်"

"ဘုတ်.......ဟွန့်"

ခွန်ခမ်းရဲ့ရင်ဘက်ကိုသူမလက်သီးဆုပ်လေးနဲ့ထုလိုက်ပြီးမျက်စောင်းထိုးတော့ ခွန်ခမ်းရဲ့ဆွဲဖတ်ခြင်းကိုခံလိုက်ရလေသည်။တစ်ဖက်ကဖုန်းကိုင်လာခဲ့တော့အကျိုးအကြောင်းမေးလိုက်ပြီးဖုန်းချလိုက်သည်။

"လာနေပြီတဲ့ ခနပဲစောင့် သည်းငယ်လေး"

"အွန်း အိမ်ပြန်ချိန်နောက်ကျမှာစိုးလို့ပါ....အိမ်မှာဘယ်သူမှမရှိတော့ ကိုကြီးကအိမ်အစောပြန်လာမှာ...သူပြန်လာလို့မှ သည်းငယ်ကအိမ်မှာမရှိရင်ဆူလိမ့်မယ်....ပြီးရင်စစ်လားဆေးလာလုပ်အုံးမှာ"

"အဲ့တော့လည်းပြောလိုက်ပေါ့ကွာ ကိုကြီးယောက်ဖလေးနဲ့သွားလည်နေတာလို့"

"တော်ပါ အခုတောင်လည့်ပတ်လိမ်ထွက်လာတာ...ပေါ်တင်ကြီးသွားပြောတော့ ဟိုကသည်းငယ်ကိုထုမှာပေါ့....ကိုကြီးကဆိုးတယ်ကိုကြီးအကြောင်းကို  ကို မသိပါဘူး"

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now