💘ချိုမြိန်မှုနဲ့အချစ်စစ်💘
Part-34
နေ့လည်နှစ်နာရီလောက်ကြတော့လီလီတို့သာမိုင်းခမ်းကိုရောက်လာခဲ့ကြလေသည်။ကျောက်နွားတောင်မရောက်ခင်83/3နဲ့တည့်တည့် ဘယ်ဘက်မှာ ရှိတဲ့ လမ်း အတိုင်းမဝင်ခင် မိုးဦးစမှာပွင့်တဲ့မိုးကြိုပန်းခင်းကြီးကိုတွေ့သည်မလို့ ခမ်းဟာ သူ့အသည်းလေးပြောထားသည်ကိုသတိရသွားပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်လေသည်။
"ရောက်ပြီလား"
လီလီဟာ ဖုန်းသုံးနေရင်းမှ ကားထိုးရပ်သွားတာကိုသတိထားမိလိုက်သည်မလို့မေးတော့ ခွန်ခမ်းရယ်ဇော်ရှိုင်းခန့်နဲ့မြင့်မြတ်ဟိန်းကကား ပေါ်ကဆင်းသွားသည်ကြောင့်လိုက်ကြည့်မိသည်။
"ဒေါက် ဒေါက် ဒေါက်"
တစ်ဖက်ကနေကားမှန်တံခါးကိုခေါက်သံကြောင့်ကားမှန်တံခါးကိုချပေးလိုက်တော့ ရေသောက်နေသည့်ခွန်ခမ်းဟာ သူမကိုတစ်ဖက်သို့လက်ညိုးထိုးပြလာလေသည်။
"အယ် ဟယ် မိုးကြိုပန်းတွေ.....မိုးမိုး မအိပ်နဲ့ထတော့...ထ ထ"
"ဟွန်း ဟွန်း ဘာလည်း"
မိုးမိုးကခနလေးကိုအိပ်ပျော်သွားတာမလို့ လီလီနှိုးလိုက်တော့အိပ်မှုန်စုံဝါးနဲ့ပြန်ထူးလာသည်။
"ထ ဟိုမှာမိုးကြိုပန်းတွေ...ဓာတ်ပုံသွားရိုက်မယ်ထ"
"အမ် အေးအေး"
"အယ် ကောင်မစုပ် ပြန်မအိပ်နဲ့လေ ထပါဆို"
လီလီကအတင်းဆွဲနှိုးကာကားတံခါးဖွင့်ပြီးမိုးမိုးကိုအတင်းဆွဲချတာမလို့ မိုးမိုးလည်း ထလိုက်လာရသည်။
"ဝါးးးးးဆွေ့ကျိုင်း(ထိုင်းလိုလှတယ်လို့ပြောတာပါ)"
လီလီကထုံးစံအတိုင်းသူမတတ်သလောက်ထိုင်းလိုပြောလာတော့ခွန်ခမ်းဟာ ပြုံးလိုက်မိပြီး သူမခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်ကာပုခုံးလေးကိုဆွဲဖတ်ထားလိုက်သည်။
"ကို"
"ဟင်"
"သည်းငယ်ကိုဓာတ်ပုံရိုက်ပေး....လှလှလေးရိုက်ပေးနော်"
YOU ARE READING
ချိုမြိန်မှုနဲ့အချစ်စစ်
Fanfictionမင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခွန်ခမ်းလျှမ်း# #စဝ်ခွန်ခမ်းလျှမ်း+ယွန်းအဉ္ဇလီ #အလွန်း Start Date-11.2.2024 End Date-25.9.2024