Part-67(Extra-6) Uni/Zawgyi

14.6K 309 16
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-67(Extra-6)

"ကို့ ကို ဘယ်လိုချော့မှာလည်း ချော့အုံးလေ"

"ပြောတော့ စိတ်ဆိုးပြေပြီဆို"

"ချော့ခံချင်သေးတာကိုယ်က"

"အာ....."

ကလေးဆိုးကြီးလိုချွဲသံကြီးနဲ့ပြောလာတော့ လီလီဟာ သူမရဲ့အောက်နှုတ်ခမ်းလေးကိုဖိကိုက်လိုက်ပြီး ပါးချိုင့်လေးပေါ်အောင်ခစ် ကနဲရယ်လာလေသည်။

"ခစ် ခစ်"

"ဘာရယ်တာလည်း သည်းငယ်က....အမှားလုပ်တာကသည်းငယ်လေ အဲ့တော့ ကိုယ် စိတ်ဆိုးပြေအောင်ချော့"

"ဟီး ခစ် ခစ် ကို ကကလေးကြီးကျနေတာပဲ"

"အွန်း မင်းရဲ့ ကလေးလုပ်လိုက်မယ်"

"အဟင်း ဟင်း ဘယ်လို ဘယ်လိုကြီး"

သူမနားကြားများမှားသလားထင်ရအောင်ပြောလိုက်သည့်ခမ်းရဲ့စကားကြောင့် လီလီဟာ ခမ်းရဲ့မျက်နှာကိုသူမလက်လေးနှစ်ဖက်နဲ့သိုင်းကိုင်လိုက်ပြီး ထပ်မေးလိုက်တော့ ခမ်းဟာ သူ့မျက်နှာနဲ့နီးနေသည့်လီလီ့ရဲ့ပါးကိုဖိနမ်းရင်းမှ ကိုက်ပါ ကိုက်ပြစ်လိုက်သည်။

"အာ့ နာ တယ်နော်ကို"

သူမပါးလေးကိုလက်ခုံနဲ့ပွတ်သုတ်လိုက်ပြီး ခမ်းရဲ့ရင်ဘက်ကိုထုလိုက်ကာမျက်စောင်းလေးနဲ့ဝေ့ကြည့်တော့ ခမ်းဟာ သူမရဲ့လက်လေးတစ်ဖက်ကိုယူလိုက်ပြီး လက်ဖမိုးလေးကိုဖိကပ်နမ်းလိုက်ကာ

"ကိုယ့် ကို ချော့အုံးမှာလား ဒီနေ့"

"ဟွန်.....အခုချော့နေတယ်လေလို့....သည်းငယ်တောင်းပန်ပါတယ်ဆို....နောက်ဆိုအဲ့လိုစကားမျိုးမပြောတော့ဘူးလို့‌နော် နော်"

"အွန့်......"

ခမ်းချော့ခံချင်‌သည့်ချော့နည်းကအရိပ်အမြွက်ပြလည်းရောက်မလာတော့တာမလို့ နှုတ်ခမ်းလေးထော်ထော်ပြီး စကားပြောနေသည့်သူမရဲ့နှုတ်ခမ်းလေးကိုဆွဲနမ်းပြစ်လိုက်လေသည်။ရုတ်တရက်ကြီးသူမစကားပြောရင်းတန်းလန်းကိုနမ်းချလာ‌တော့ လီလီဟာ ကျောလေးကော့သွားရပြီး မျက်လုံးပြူးလေးနဲ့ကြောင်နေမိသည်။

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now