Part-28 Uni/Zawgyi

2.7K 137 14
                                    

💘ချိုမြိန်မှုနဲ့အချစ်စစ်💘

Part-28

"သည်းငယ် ဒါလေးဝတ်လိုက်...သွားရေချိုးခန်းထဲသွားလှဲလိုက်"

မိုးရေထဲဆိုင်ကယ်ပတ်စီးရင်းမိုးတအားသည်းလာသည်ကြောင့်ဆိုင်တစ်ခုထဲဝင်ခိုရန်ပြင်ပေမယ့် ခမ်းရဲ့ကွန်ဒိုနဲ့နီးနေပြီဖြစ်သည်ကြောင့် ထိုကွန်ဒိုသာရောက်လာခဲ့လိုက်သည်။မိုးရေတွေဟာခန္ဓာကိုယ်တစ်ခုလုံးစိုရွှဲနေပြီး နှစ်ယောက်လုံးကြွက်စုပ်တွေဖြစ်နေလေသည်။အိမ်ထဲရောက်တော့ခွန်ခမ်းဟာ သူ့အင်္ကျီတွေထုပ်ပေးပြီး လီလီ့ကိုဝတ်စေလေသည်။

"အော် အွန်း"

ခမ်းလက်ထဲကသူမကိုပေးနေသည့်အင်္ကျီနဲ့ဘောင်းဘီလေးကိုယူလိုက်ပြီး ရေချိုးခန်းထဲဝင်လှဲလိုက်သည်။ခမ်းရဲ့အင်္ကျီနဲ့ဘောင်းဘီဟာ သူမနဲ့ကြီးနေပေမယ့် ဝတ်ရတာသပ်တောင့်သပ်သာရှိသည်မလို့ အဆင်တော့ပြေသည်။သူမအင်္ကျီလေးတွေကိုတော့ ရေသေချာညစ်ပြီးအခြောက်ခံထားလိုက်သည်။

"ဂျောက်"

ရေချိုးတံခါးပွင့်လာတော့ ထိုထဲကနေ ကြွက်စုပ်လေးထွက်လာသည်ကြောင့် ခွန်ခမ်းဟာပြုံးမိရသည်....ဘယ်လိုနေနေကိုချစ်ဖို့ကောင်းနေတော့တာပဲ....

"သည်းငယ် ဒီကိုလာ ကိုယ်ဆံပင်တွေခြောက်အောင်လုပ်ပေးမယ်"

"အင်း"

ခွန်ခမ်း ရှေ့ရောက်သည်အထိ ခပ်ဆတ်ဆတ်လေးပြေးလာလိုက်ပြီးမှန်တင်ခုံရှေ့ဝင်ရပ်လိုက်သည်။ခွန်ခမ်းဟာ ဘီရိုထဲကတပတ်တစ်ထည်ကိုထုတ်လိုက်ပြီး အချောင်းလိုက်ဖြစ်နေသည့်သူမခေါင်း ပေါ်ကဆံပင်လေးတွေကိုသေချာလေးပွတ်သုပ်ပေးလိုက်သည်။ပြီး‌နောက်အမြန် ခြောက်လွယ်အောင်အတွက်dryerနဲ့မှုတ်ပေးပြန်သည်။

သူမကိုဂရုတစ်စိုက်သေချာလေးလုပ်ပေးနေသည့် အနောက်ကအမျိုးသားကိုမှန်ထဲကနေကြည့်ရင်းသဘောတွေကျနေမိသည်။dryerကိုရမ်းခါနေသည့်လက်မောင်းဆီအကြည့်ရောက်တော့ဂျိုင်းပြတ်ဝတ်ထားတာမလို့ခမ်းရဲ့ လက်မောင်းကကြွက်သားတွေဟာ သူ့အရွယ်နဲ့လိုတာထက်ကိုပိုနေသည်။အသဲယားလိုက်တာ.....

ချိုမြိန်မှုနဲ့အချစ်စစ်Where stories live. Discover now