🌟🌟ep19🌟🌟

111 13 8
                                    

အန်တွန် ကန့်လန့်ကာစကိုမကာအပေါ်ထပ်ကနေ အောက်ကိုငုံ့ကြည့်မိလိုက်ပေသည်။အပေါ်ထပ်ကနေ စံပယ်ရုံများကိုသေချာမြင်ရသည့်အတွက် စံပယ်ခင်းထဲတွင် စကားပြောနေ‌ကြသော အစ်ကိုဂန်ထယ်နှင့် အစ်မဖြစ်သူဒိုဟယ်ရာတို့ကို ကောင်းကောင်းမြင်နေရလေသည်။အရင်ကဂယောင်ဆူးရောအစ်မဖြစ်သူကို စိတ်မချသည့်အခါ ပြတင်းကနေ ပန်းခြံထဲကို ငုံ့ကြည့်ဖူးသလား အန်တွန်လည်း တွေးတွေးဆဆတွေးမိလိုက်ပေသည်။





"ထပ်ပြီး စိတ်မချဖြစ်နေပြန်ပြီလား ။တစ်ခါတစ်လေ မမကငါ့အစ်မအရင်းလား မင်းအစ်မလား မသဲကွဲတော့ဘူး "

ဂယောင်ဆူး၏စကားကြောင့် အန်တွန်နှာခေါင်းရှုံ့ကာပြတင်းဘောင်ပေါ်တတ်ထိုင်နေရာမှ အောက်ကိုတစ်ဖန် ထပ်ငုံ့ကြည့်မိလိုက်လေသည်။တကယ်ကအောက်ကနေ အပေါ်ကိုမော့ကြည့်လည်း အန်တွန်ကိုသူတို့မြင်နိုင်မည်မဟုတ်ပေ။အရင်ကတည်းက အန်တွန်ကသာသူတို့ကိုမြင်ရပြီး သူတို့ကမမြင်နိုင်သောကြောင့် အန်တွန်အနေနဲ့ချောင်းကြည့်နေတာကို မိသွားမှာလည်း စိုးရိမ်စရာမရှိပေ။






"တကယ်ပဲ အစ်ကိုဂန်ထယ်ကလူကောင်းဆိုရင်တောင် ကျွန်တော်အစ်မနဲ့လက်ထပ်ရသေးတာမဟုတ်ဘူးလေ။ဘယ်လိုလုပ် နှစ်ယောက်တည်း လွှတ်ထားရဲမလဲ။ဆူးလေး ‌မမကိုလဲ ဂရုစိုက်ပါဦး ။တစ်ယောက်တည်းရှိတဲ့အစ်မနော် ချစ်သူကအစားထိုးပြန်ရနိုင်တယ်ကိုယ့်အစ်မတော့
အစားထိုးပြန်မရဘူး "

အန်တွန်ရဲ့စကားကြောင့် ကွန်ပျူတာရှေ့မှာထိုင်နေသည့် ဂယောင်ဆူးကိုယ်လေး မတ်သွားမိပေသည်။




mouseကိုချထားလိုက်ကာ မိမိအနောက်ကပြတင်းမှာတတ်ထိုင်နေသောအန်တွန်ကို ဂယောင်ဆူးလှမ်းကြည့်မိလိုက်‌၏။တစ်ခါတစ်လေ အစ်ကိုဂန်ထယ်နဲ့မမက ငယ်ချစ်ဦးတွေဆိုတာ သူသိအောင် ဘယ်လိုပြောပြရမလဲကို မသိတော့ပေ။




"မင်းချစ်သူနဲ့ချိန်းတွေ့တဲ့အချိန်မင်းတို့ကိုသူများချောင်းနေရင်ရောမင်း
ကြိုက်ပါ့မလား "



အန်တွန်ပြတင်းလိုက်ကာစကိုဖယ်လိုက်ပြီး ဂယောင်ဆူးကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်မိလေသည်။နှစ်ယောက်သားအကြည့်ချင်းဆုံကာတစ်ယောက်မှအလျော့ပေးမည့်အစီအစဉ်ရှိပုံမပေါ်ပေ။အန်တွန် ပြတင်း‌ ဘောင်ပေါ်ကနေဆင်းလာကာ ကွန်ပျူတာရှိရာစာကြည့်စားပွဲဆီလျှောက်လာမိ၏။ဂယောင်ဆူးဘေးနားကထိုင်ခုံကိုဆွဲယူထိုင်လိုက်ကာ မနက်ကတည်းက အဆီအငေါ့မတည့်ဖြစ်နေသည့် ဆူးလေးကို စိုက်ကြည့်မိလိုက်ပေသည်။







🌟You🌟Where stories live. Discover now