ဘောလုံးပွဲပြီးသွားသည်နှင့် လူတိုင်း၏ပွဲအပေါ်သုံးသပ်ချက်စကားသံများကနေရာပေါင်းစုံဆီမှထွက်ပေါ်လာလေသည်။လူတွေကတအားများနေသည့်အတွက် လူမပျောက်သွားဖို့အရေး ချန်းယောလ် ဂယောင်ဆူး၏လက်ကို တင်းနေအောင်ဆုပ်ထားမိ၏။ချန်းယောလ် ဘောင်းဘီအိတ်ကပ်ထဲကလက်ကိုင်ပုဝါအဖြူလေးကို ထုတ်ယူလိုက်ပြီး မိမိနှင့် ဂယောင်ဆူးလက်ကောက်ဝတ်ကို တွဲချည်လိုက်ပေသည်။မျက်လုံးဝိုင်းတွေနဲ့ စိုးရိမ်တကြီး စိုက်ကြည့်လာသော
ကောင်လေးကို ချန်းယောလ်ပြုံးပြလိုက်မိလေ၏။"ကိုယ်တို့လူကွဲသွားမှာစိုးလို့ "
ဦးရဲ့ ဩရှရှအသံကဆူညံ နေသည့် ပတ်ဝန်းကျင်အလယ်တွင် ထွက်ပေါ်လာလေသည်။ဦးနှင့်အတူတစ်ခြားလူများကိုတိုးဝှေ့ကာအားကစားခန်းမထဲမှအလျင်စလို ထွက်လာမိသော်လည်း ရွာချနေသည့် မိုးစက်များက ခန်းမထဲမှအတင်းထွက်လာ သောလူများကို ဝမ်းပန်းတသာကြိုဆိူနေလေ၏။လူအများ၏ ညည်းတွားသံများကချက်ချင်း ထွက်ပေါ်လာ လေသည်။ချန်းယောလ်ဘေးဘီကိုဝေ့ကြည့်မိလိုက်ပြီးနောက် ထီးလည်းမပါလာသည့်အတွက် ပြေးသွားဖို့နည်းတစ်ခုသာရှိတော့မှန်းသိလိုက်ရ လေသည်။
"ဂျုံအင်တို့ပဲ ။အာ...ချန်းလည်းပါတယ် "
ဂယောင်ဆူး ဘေးဘီဝေ့ကြည့်ရင်းမိမိသူငယ်ချင်းများကိုတွေ့လိုက်ရ သောကြောင့် အလိုအလျောက်လှမ်းခေါ်မိမလိုဖြစ်သွားမိပေသည်။ထိုအခါ ဦးကချက်ချင်းမိမိကိုပြန်လည်စိုက်ကြည့်လာ၏။ဦးရဲ့အကြည့်စူးစူးများကြောင့် ဂယောင်ဆူးအသံလေးတိတ်သွားမိပေသည်။
"ကိုယ့်ကိုထားခဲ့မလို့လား။ဘုရားပြီးတော့ ငြိမ်းဖျက်တာပေါ့ အဲ့လို့သဘောလား "
လက်ကိုအတူတွဲချည်ထားသည့် လက်ကိုင်ပုဝါကိုဖြုတ်ရင်း မျက်နှာတည်တည်ကြီးနှင့်ပြောလာသောဦးကြောင့် ဂယောင်ဆူး ပါးစပ်ကလေး အလိုအလျောက်ပိတ်သွားမိတော့ပေသည်။ကိုယ့်ထက်ကြီးတဲ့သူနှင့်တွဲရသည့်အခါ ကိုယ်ကအလိုလိုကလေးဖြစ်သွားရလေသည်။