ep - 12

23 3 1
                                    

"wow Park Jimin"

အဖြူရောင်တွေဆင်မြန်းထားတဲ့အလှတရားတို့ရဲ့အရှင်ဟာ စင်မြင့်ပေါ်တွင်ကြွ"ရွ" တောင်ပံ‌တွေသာပါလာခဲ့ရင် သက်ရှိနတ်ဘုရားလို့ပင်တင်စားလို့ရသည်အထိ သိပ်ကိုလှပခဲ့သည်
ပတ်ခ်ဂျီမင်ရဲ့အလှက ယောက်ျားပါ မိန်းမပါလို့ မမြင်နိုင်တဲ့အထိ အကန့်အသတ်မဲ့တယ်
ဒါဟာလဲ ပတ်ခ်ဂျီမင်ဖြစ်နေလို့ပဲ

သံစဉ်တို့နှင့်အတူ ခန္ဓာကိုယ်ကို စီးချက်ညီစွာလှုပ်ရှားလာသည် ဆင်မြန်းထားသည့် ပိုးသားပျော့"သည် ရင်ညွန့်နားထိဟိုက်ထားသောကြောင့် ခန္ဓာကိုယ်လေးကိုတစ်ချက်ယိမ်းလိုက်တိုင်း လွတ်လပ်သွားသည့် ရင်ဘတ်ဖြူ"တို့သည် စက်အောက်မှလူအများကို အရိုင်းဆန်စွာပြုစားလျက်

မီးအလင်းရောင်အောက်တွင် ထင်"ရှား"ဖြစ်နေသည့် အလှတရားသည်‌ အပေါ်ကိုမြောက်တက်သွားလိုက် အောက်ကိုပြုတ်ကျလာလိုက်နှင့် စီးချက်ညီစွာ ခန္ဓာကိုယ်ကိုလှုပ်ရှားနေသည်
အပေါ်ကိုမြောက်တက်သွားအချိန်တွင် ဝတ်ထား‌သောအင်္ကျီမှာ အလွန်မတိုသော်ငြား ခါးသွယ်"တို့ကိုပေါ်စေရန် လုံ‌လောက်ခဲ့သည်

သီချင်းသံတို့နှင့်အတူလိုက်ပါစီးမြောနေသော ကိုယ်ထယ်လေးသည် အရမ်းနာကျင်ခံစားနေရဟန်ဖြင့် ဒူးထောက်ချကာ ရင်ဘတ်ကိုလက်နှင့်ဖိ၍ မျက်ရည်စများနှင့်အတူ နောက်ဆုံး၌လဲကျသွားပြီး အရာရာကို သူအရှုံးပေလိုက်ပါပြီဆိုတဲ့သဘောဖြင့်အဆုံးသတ်ထားသည်ကြောင့် ဟောတစ်ခုလုံးရှိလူများဟာ မျက်ရည်နဲ့မျက်ခွက်

ဖျော်ဖြေမှုအဆုံးသတ်သည်နှင့်အတူ လက်ခုပ်သံများသည် ဟောအတွင်းကျယ်"လောင်"
ဖျော်ဖြေသည့်သူသည် စင်အောက်ရောက်ကာ အနားယူနေပြီဖြစ်သော်ငြား မပြီးစီးနိုင်သူများသည် ခုထိအငိုမရပ်ကြ

"ဂျွန် ပါးစပ်ကြီးလဲစေ့ဦး"

"ဪ အံ့ဩသွားလို့ပါ မြင်နေကြပုံစံမဟုတ်တော့လေ"

"အံ့ဩတာကလဲ စကထဲကနေ သတိပေးလိုက်တဲ့အထိပေါ့"

ထယ်သည် ခပ်ရွဲ့"ပြောလာသည်
အရေးမကြီးတဲ့ကိစ္စကြောင့် ရန်မဖြစ်ချင်၍
ချပေးထားသည့် ဝိုင်များကိုဇိမ်ခံသောက်နေလိုက်သည် အလိုက်မသိတဲ့ဦးနှောက်ဟာ ဂျီမင်ပုံစံတွေသာပြန်မြင်ယောင်လာသည်
နမ်းမိတဲ့နေထဲက ဂျီမင်မထခင် ထကာကျောင်းသို့လာသည် ကျောင်းဆင်းချိန်တွေချက်ချင်းမပြန်စာကြည့်တိုက်တွင်‌သောင်တင်ကာ ဂျီမင်အိပ်လောက်တဲ့အချိန်မှ အခန်းပြန်ဝင်သည်

အချစ်ရှိရာWhere stories live. Discover now