ep - 15

25 2 3
                                    

ဆုတိုင်းသာပြည့်မယ်ဆိုရင်လေ ဘယ်သောအခါမှ အရံလူတစ်ယောက်မဖြစ်ပါစေနဲ့ဆိုတဲ့ ဆုကို တောင်းချင်တယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူနဲ့ဇာတ်လမ်းမှာ ဗီလိန်ဘယ်ဖြစ်ချင်မပါ့လဲ ဇာတ်လိုက်ပဲဖြစ်ချင်တာပေါ့ ဒါပေမယ့် စိတ်ကူးနဲ့လက်တွေ့က မိုးနဲ့မြေလိုပါပဲလား

"သား ပျော်ခဲ့ရဲ့လား"

အိမ်ထဲဝင်ဝင်ချင်း မာမီမေးလာတဲ့စကားက ပျော်ခဲ့ရဲ့လားတဲ့ တစ်လမ်းလုံးမှိုင်ထွေ တွေးငေးလာတဲ့သူကို မာမီသာမြင်ရင် မေးခွန်း‌ပြောင်းမေးမယ်ထင်တယ် ပျော်ခဲ့တာပေါ့ သိပ်ပျော်ခဲ့တာ ချစ်ရတဲ့သူနဲ့ အတူကြည့်ခဲ့တဲ့ကားက ဘာကားမှန်းမသိ‌အောင်ကို ပျော်ခဲ့တာ

"ဟုတ် ပျော်ခဲ့ပါတယ် နားတော့မယ်နော် ညစာက အပြင်မှာစားခဲ့ပြီးပြီမို့ လာမစားတော့ဘူး မာမီ"

"အေးအေး နားတော့ ‌မာမီ့သားလေး"

ဆံပင်လေးဆွဲဖွက ပါးလေးကို လာနမ်းတဲ့မာမီက ဒီကမ္ဘာမှာ ကျွန်တော့်အတွက် သိပ်အဖိုးတန်လွန်းတယ်
မာမီတို့ပျော်အောင် တီတီတာတာလေးတွေပြောချင် ပြုမူချင်ပေမယ့် တကယ်တမ်းလက်တွေ့မှာ သိပ်မလွယ်ကူ ခပ်ရေးရေးပြုံးပြကာ အခန်းပြာပြာလေးစီဦးတည်လိုက်တာနဲ့ စိတ်အစုံသည် တစ်နေ့တာရဲ့ ဖြစ်ရပ်များစီသို့ ပြန်လည်ရောက်ရှိသွားသည်

"တော်သေးတာပေါ့ လေးခုံတွဲ တူတူထိုင်ရလို့"

"ဖြည်း"လျှောက်ပါ လဲသွားမြှဖင့် ကိုယ့်ကိုယ်ရင်နာအောင်"

အမောတကောနဲ့ပြေးလာတဲ့ယောင်းကို ခါးမှဆွဲဖက်ကာ စိတ်ပူနေတဲ့ပုံနဲ့ပြောနေတဲ့ဂျွန့်ကို ပိုလိုက်တာလို့ အပြစ်တင်ချင်ပေမယ့် အပြစ်မတင်ရက် ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူကို အသေးအမွှားလေးတောင် ထိခိုက်စေချင်တာမှမဟုတ်ပဲ
ဂျွန်ဆိုတဲ့ လူသားကြောင့် နာနာကျင်ကျင်နဲ့ပြုံးပြရသည်မှာ အကြိမ်ကြိမ် ပင်ပန်းလိုက်တာဆိုတာ
စိတ်ခံစားလွယ်ပြီး အဆင်မပြေတဲ့အရာရှိတာနဲ့ ချက်ချင်းမျက်နှာပုံစံပြောင်းတတ်တဲ့ အကျင့်ကို မနဲထိန်းကာ ဘာမှမဖြစ်သလိုလေးပဲ ဟန်ဆောင်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ခဲ့

အချစ်ရှိရာWhere stories live. Discover now