ယနေ့သည် ကောင်း၊ဗေဒါ၊မာန်၊ထက် တို့နှင့် အလုပ်ရှိ လူများ ငွေဆောင်သို့ အပန်းဖြေသွားရောက်ခြင်း ဖြစ်သည်။ကောင်း၏မိသားစုလဲပါ၀င်သည်။၎င်းတို့ထဲတွင် ကောင်း၏ အမျိုးသမီးလည်း ပါသည်။ဗေဒါ၏ မျက်ဝန်းများသည် ကောင်းအား အဓိပ္ပာယ်ပြည့်စုံစွာကြည့်နေသည်။ကောင်းကို ကြည့်နေသည့် အကြည့်တွင် အဓိပ္ပာယ်အပြည့်ပါသည်ကို ကောင်း သတိမထားမိ။ချစ်နေတာကို သိလျက်နှင့် လုယူသွားတဲ့ ခိုင်သွေးသံသာ စီက အချိန်တန်လျှင် ကောင်းအက္ခမောင်အား ပြန်ယူမည်။
“ကုိဗေဒါ အိပ်ချင်ရင် ကျွန်တော့်ပုခုံးပေါ်အိပ်လေ အားမနာနဲ့ ခေါင်းငုတ်ကြနေတော့ ဇက်ပိုးနာတာပေါ့”
“အိပ်မယ်နော် ဟီးဟီး”
“အိပ်ပါဗျာ”
ပုခုံးထက် ဗေဒါ၏ ခေါင်းသည် နေရာတကြ ရှိနေသည်။ခေါင်းသည် အလွန်ပင် မလေးသော်လည်း သူ့အလေးချိန်နှင့် သူတော့ရှိသည်။ဒီလိုလူကို ကောင်း စိတ်မ၀င်စားသည်ကို စဉ်းစား၍ မရ။၅ နှစ်လောက်ပေါင်းလာသည့် ညီအစ်ကိုတွေ ခွဲရမည်ဆိုတာကြောင့် စိတ်ထဲအဆင်ပြေနေသည်တော့ မဟုတ်ပေ။ဒီခရီးသည် ယခုအချိန်အားဖြင့်ဆိုလျှင် နောက်ဆုံး ခရီးဖြစ်လိမ့်မည်။သို့သော် ပြန်ဆုံကြရဦးမည်။ကတိများ တည်စေနိုင်ရန် မြန်မာသို့ ဗေဒါပြန်လာရဦးမည်။အိမ်မက်ဆိုးမက်သည်ထင်၏ အိပ်နေရင်းတောင် မျက်နှာမှာ မျက်ရည်များ စီးကြနေသည်။ဗေဒါ ပင်ပန်းခဲ့ပါသည်။ချစ်နေသူကို တစ်ခြားအမျိုးသမီးနှင့် တွေ့မြင်နေရသည်က မည်သည့်အရာနှင့်မှပင် မနှိုင်းယှဉ်နိုင်ေပ။မြင်နေရသည်မှာ နာကျင်သော်လည်း အချိန်ကောင်းတစ်ခု စောင့်ရဦးမည် ယခုအခါသည် အချိန်ကောင်းမဟုတ်သေးပေ။
“ဗေဒါ ဘာစားမှာလဲ ထက်သစ္စာ မင်းရော မဟာ မင်းရော မေမေတို့ရော”
“ထမင်းကြော်ပဲ ကိုကောင်း”
“နန်းကြီးသုပ် ကိုကောင်း”၂
“ရှမ်းခေါက်ဆွဲ ကိုကို”
နန်းကြီးသုပ်ပဲမှာတော့ သားလေး”
“ဝိတ်တာ!”
“ဟုတ်ကဲ့ခမျ”
“ထမင်းကြော် ၂ ပွဲ နန်းကြီးသုပ် ၃ ပွဲ ရှမ်းခေါက်ဆွဲ ၂ ပွဲ”
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။