For Marn's Birthday

11 1 0
                                    

Unicode

မာန်တို့ နောက်နေ့မနက်တွင် စောစောထပြီး ဘုရားသွားကြသည်။မာန်အဖွဲ့ဓာတ်ပုံရိုက်ရန် booking ပါ တင်ထားသဖြင့် photographer သည် ဘုရားတွင် ရောက်နှင့်နေပြီ ဖြစ်သည်။ဘုရားတွင် ပန်းရေချမ်းဆပ်ကပ်ပြီးနောက်တွင်တော့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ရန် ရောက်ရှိလာပြီဖြစ်သည်။မာန်သည် အငယ်ဆုံးဖြစ်၍ အသက် ၂၀ ပြည့်ပြီဖြစ်သည်။

“ထိတ်စီးပြောင်းပြီး ငယ်ငယ် အဲ့တော့ မုန့်ဝယ်ကျွေး”

“ဘယ်နှစ်ကရော မဝယ်ကျွေးပဲနေလို့လဲ ဝယ်ကျွေးမှာပေါ့”

“အစ်ကိုတို့သွားပြီနော် ညီလေး Happy Birthday ပါဗျ မနက်ဖြန် ညီေလးဖုန်းဆက်ထားတာအတွက် လာခဲ့လေ အစ်ကိုပြင်ထားလိုက်မယ်”

“ဟုတ်ကဲ့ Bye Bye”

“အိမ်ကို ပြန်လိုက်မှာလား ငယ်ငယ် အစ်ကိုတို့သွားစရာရှိသေးလို့ ငယ်ငယ်ပင်ပန်းမယ် မလိုက်ခဲ့နဲ့ အစ်ကိုတို့ပဲသွားမယ် စောင့်နေနော် ၆ နာရီလောက်ကြ လာခေါ်မယ် ဝတ်စုံရွေးဖို့အတွက် ၃ နာရီလောက်သွားမယ်”

“ရတယ်”

“အဲ့တာဆိုဘာသွားစားမလဲ အကင်စားမလား”

“စားမယ် အဲ့တာဆို သွားမယ်”

မာန်သည် အကင်ဆိုင်သို့ ကားမောင်းသွားပြီး စားကြသည်။ထို့နောက် အိမ်သို့ ခဏပြန်ကာ ဗေဒါတို့ သွားရန် ကောင်းမှ ကားယူပြီး မာန်သည်တော့ နေခဲ့လိုက်သည်။တစ်ယောက်ထဲလည်း ဖြစ်သောကြောင့် ဝသုန်လင်းခန့်အား ဖုန်းဆက်ခေါ်လိုက်ပြီး တစ်ခြားလူများပါ ခေါ်လာခဲ့ရန်ပြောလိုက်သည်။သူငယ်ချင်းအဖွဲ့တစ်ဖွဲ့လုံး ရောက်လာပြီးနောက်တွင် လုပ်ချင်တာလုပ်ကြသည်။

“Happy birthday to Marn!!!who feels like a big brother! You have brought so much joy, love, and laughter into my life, and I am grateful for your presence every day.”

“Thank You ဝသုန်”

“Happy Birthday Marn.On your birthday friends wish you many things, but I will wish you only two: always and never. Never feel blue and always be happy!”

“Thank You”

သူငယ်ချင်းအချင်းချင်း birthday wish ပြောရင်း ဝသုန်က ထထွက်သွားပြီး ဝသုန်၏ ရည်းစား နှင်းညို့ကဗျာ နှင့် Cake ယူကာ ဝင်လာသည်။Cake သည် မာန် သဘောအကျဆုံး အဖြူနှင့်အမည်းကို ဆက်ထားသည်။မာန်အား ဆုတောင်းခိုင်းပြီးသည်နှင့် Cake မှ cream တစ်ချို့အား သုတ်ကြသည်။ပြည့်စုံသည့် မွေးနေ့သည် အသက် ၂၀ ပြည့် မွေးနေ့ပင်ဖြစ်သည်။မာန်၏ အိမ်သို့လာသည်ကို ဝတ်စုံများသည်  ပွဲတစ်ခုခုကို သွားရန်ပြင်ထားသည့်ပုံစံများဖြစ်နေသောကြောင့် အနည်း စိတ်ထင့်သွားသည်။နေဝင်စပြုချိန်တွင် ဗေဒါသည် ဝသုန့်အား မာန့်ကို ခေါ်ခဲ့ရန် စာပို့သဖြင့် မာန့်အား မျက်လုံးကို ပိတ်စစီး၍ ခေါ်သွားသည်။ခြံဝန်းသို့အရောက် မာန့်၏ လက်အား ဗေဒါသည် တွဲလိုက်သည်။ဝသုန်သည် မျက်လုံးမှအစီးအား ဖြုတ်ပေးလိုက်ချိန်တွင် မာန်အံ့ဩသွားသည်။အပျော်မျက်ရည်တို့ကျသည်ကို လက်ဆစ်ရှည်များနှင့် လက်တစ်စုံမှ ဖယ်နေသည်။

𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)Where stories live. Discover now