Part - 4 (Unicode)

34 1 0
                                    

ကျွန်းများသို့ လည်ပတ်ပြီးနောက် နေ့လည် ၁ နာရီခန့်တွင် Hotel သို့ ပြန်ရောက်လာကြပြီး နေ့လည်စာသုံးဆောင်ကြသည်။‌ထို့နောက် အခန်းကိုယ်စီတွင် တစ်ရေးတစ်မော အိပ်ကြသည်။ထို့နောက် ဘီယာသောက်ရန် ရေကူးကန်နားသို့ ဆင်းလာကြသည်။သို့သော် ဗေဒါ နှင့် ကောင်းသည်တော့ နှစ်ယောက်တည်း ပင်လယ်ဘက်သို့ ထွက်လာကြသည်။

“Cigarette တွေ လျှော့သောက်စမ်း ဗေဒါ”

“ကျွန်တော့်အတွက် cigarette က အဖော်‌ပဲလေ ကိုကောင်း”

“အေးပါကွာ လျှော့သောက် စွဲသွားမယ်”

“စွဲနေပါပြီ”

“မင်းကတော့”

“ကျွန်တော် ကိုကောင်းကို စွဲလမ်းတာနဲ့ပြိုင်ရင် cigarette ကို စွဲလမ်းတာက ရှုံးပါတယ်”

တစ်ကိုယ်မျှသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်ပြီး လေသံ နဲ့ လှိုင်းခက်သံကြောင့် ကောင်းသည် ဗေဒါ၏ စကားကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။စကားပြောသံကြားလိုက်တာကြောင့် စီးကရက်သောက်နေသော ဗေဒါဘက်သို့ မျက်ဝန်းတစ်စုံဝေ့ကြည့်လိုက်သည်။အုံ့ဆိုင်းနေသော ကောင်းကင်အောက်တွင် ထိုလူသားနှစ်ယောက် မတ်တပ်ရပ်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေသည့် မြင်ကွင်းသည် အတော်ကိုလှရက်ပါပေသည်။

“ကောင်အက္ခမောင် နဲ့ ဗေဒါရိပ်ညို ဘယ်ရောက်သွားလဲ”

“ပင်လယ်ဘက်ထွက်သွားကြတာပဲ”

“နှစ်ယောက်ထဲလား”

“အေးပေါ့ဟ နှစ်ယောက်ထဲ မဟုတ်လို့ ဘယ်သူပါရမှာလဲ မာန် ကလဲ ဒီမှာ ကျန်တဲ့လူတေ‌ွလဲ ဒီမှာ သူတို့နှစ်ပဲ မရှိတာလေ ငထက်ရဲ့”

“ဖြေးဖြေးပြော မောသွားဦးမယ်”

ထက်သစ္စာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။လိုက်ပဲ သွားရမလား?လွှတ်ပဲထားပေးရမလား? တွေဝေနေသည်။ဗေဒါ ခံစားချက်များအား ဖွင့်ဟ လိုက်လျှင် တစ်ခုခုဖြစ်မည်ကို စိုးရိမ်သည်။ထက်သစ္စာ နှင့် နည်းတူ မာန်သည်လည်း မျက်နှာအနည်းငယ်ပျက်နေသည်။ဖွင့်ပြောလိုက်လျှင် ညီအစ်ကို ဆက်ဆံရေးပါ ပျက်သွားမည်ကို တွေးပူနေသော‌ေြကာင့် ဖြစ်သည်။ထိုအချိန်မှာပင် ကောင်းအက္ခမောင် တစ်ယောက်တည်းသာ ဝိုင်း သို့‌ပြန်ရောက်လာပြီး ဗေဒါသည်တော့ ကျန်ခဲ့သည်။

𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)Donde viven las historias. Descúbrelo ahora