Unicode
"အန်တီ သမီးကိုမသိဘူး ။ သမီးက ဘယ်သူလဲကွယ့်"
ဘယ်သူလဲ ဆိုသည့် စကားသည် ဆု ၏ရင်ကိုအစိမ်းလိုက်ခွဲချလိုက်သလိုပင် ။ တစ်ကယ်ပဲ မမှတ်မိတာလား ။ ဒါမှမဟုတ် အဒေါ်ကြီး ဆု ကိုတစ်မင် စနောက်နေသလား ဝေခွဲမရပေ ။
"မာ .. မာမီ"
"မာမီ!"
"ဆု ကို မ .. မမှတ်မိဘူးလား အဒေါ်ကြီးရယ်"
"ဆောရီးကွယ် ။ တို့ သမီး ကိုတစ်ကယ်မမှတ်မိတာပါ"
သူစိမ်းဆန်စွာပြောလာသည့် စကားကြောင့် ဆု မျက်ရည်ဝဲမိသည် ။ စိုင်းလွှမ်းလည်း အံ့ဩရသလို ဒေါ်မြင့်သည်လည်း နားမလည်နိုင်တော့ပေ ။
"မမ .."
"ခက်"
"ဒီ ကလေးမ ကို မမ တစ်ကယ်ပဲ မမှတ်မိတာလား"
"တို့ သူ့ကိုတစ်ကယ် မသိဘူး ။ သူကဘယ်သူမို့လို့လဲ"
"ဟင့်! .."
သူစိမ်း တစ်ဦးကဲ့သို့ နှုတ်မှထွက်လာသည့် စကားလုံးများကို ဆု မခံစားနိုင်တော့ပေ ။ တင်မမ အနားသို့ သွားကာ လက်လေးက အသာကိုင်လိုက်၏ ။
"အဒေါ်ကြီး .. ဆု ကို တစ်ကယ်မမှတ်မိတာလားဟင် ။ သေချာစဉ်းစားပါဦး အဒေါ်ကြီးရယ် ဟင့်! ။ ဆု ကိုနောက်နေတာမလား ။ ဆု သိတာပေါ့"
တင်မမမောင် ၏ လက်ဖမိုးကို ဆုပ်ကိုင်ထားသည့် ဆု ၏လက်တွေကို လွှတ်ချလိုက်သည် ။ ထို့နောက် အလိုမကျသည့် အကြည့်များဖြင့် ကြည့်ရင်း ထိုကဲ့သို့ ပြောလေသည် ။
"တို့ လက်ကိုလွှတ်ပါ ကလေးမ ။ တို့ မင်းကို တစ်ကယ်မသိတာပါ"
"ဟင့်! အဒေါ်ကြီး"
"အန်ကယ် ဦးတင်မောင် ကိုဆက်သွယ်ပြီး ကျွန်မသရုံးခန်းကို အမြန်ဆုံးလာပေးဖို့ပြောပေးပါ"
"ဟုတ်ကဲ့ပါ ဒေါက်တာ ။ ကျွန်တော် အခုပဲဆက်သွယ်လိုက်ပါမယ်"
ထိုသို့ပြောပြီးနောက် ဆေးရုံအုပ်ကြီး ဒေါက်တာမြမှူးခက် အခန်းထဲမှ ပြန်ထွက်သွားလေသည် ။
ကျန်ခဲ့သည့် ဒေါ်မြင့်ကတော့ အခန်းထဲမှ ခေတ္တထွက်သွားပြီး အခန်းထဲတွင်တော့ စိုင်းလွှမ်း နှင့် ဆု တို့သာကျန်ခဲ့လေ၏ ။
YOU ARE READING
Mommy Wife (Ongoing)
Romanceယူ့သမီးလေးကို တို့ သဘောကျလို့ အပိုင်ပေးပါလား (ဒေါ်တင်မမမောင်) အမလေး အရပ်ကတို့ရေ ! မေမေကသူ့သမီးလေးကို သူငယ်ချင်းနဲ့အတင်းပေးစားနေတယ် ကြားလို့မှကောင်းကြသေးရဲ့လား! (သစ္စာဆုပန်သန့်)