part 17

145 12 0
                                    

At Studio

"တီတီတီ"

"ဟယ်လို ချယ်ယောင်း"

"ဟယ်လို လုပ်မနေနဲ့ RIဆေးရုံကိုအခုလာခဲ့တော့ ဂျိန်း အခုခွဲခန်းမှာ"

"အေး ငါအခုလာခဲ့မယ်
ဘယ်သူတွေရှိသေးလဲ ဆေးရုံမှာ"

"ဂျိန်းအဖေရှိတယ်"

"ငါအခုအမြန် လာခဲ့မယ်"

At RI Hospital

"လီဆာ မင်းမိန်းမက သမီးမိန်းကလေးမွေးတယ်"

"အခုဂျိန်းဘယ်မှာလဲ အဖေ"

"ဖန်ပေါင်းချောင်းအခန်းထဲမှာ"

"ဟမ် ဖန်ပေါင်းချောင်းအခန်းမှာ"

လီဆာ ဂျိန်းဆီကို ပြေးသွားနေတုန်း

"လီဆာ
ဒီကဒေါက်တာကဒေါက်တာ Ireneလို့ခေါ်တယ်"

"‌လီဆာမင်းရဲ့ သမီးလေးက ဂလင်းပျက်စီးတဲ့ရောဂါပါလာတယ်
ဒါကသေစေနိုင်တဲ့ရောဂါတစ်ခုဘဲ
သူမ ကြာကြာနေရမှာမဟုတ်ဘူး "

သွားပြီး လီဆာ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့မိသားစုဘဝလေး
ရစရာမရှိအောင်ဖြစ်ကုန်ပြီ

"ဒေါက်တာ ကျမကိုလိမ်နေတာမလား ဟင်"

"မဟုတ်ဘူး လီဆာ မင်းဒီကိစ္စကို နားလည်ပါတယ်
သူ့ကိုဖန်ပေါင်းချောင်းထဲမှာထားထားတယ်
အသက်ရှင်ဖို့တော့အာမမခံနိုင်ဘူး
အခုမင်းမိန်းမဆီသွားလိုက်ပါ
သူမက သမီးတစ်ယောက်ကိုဆုံးရှုံးရတော့မယ့် မိခင်တစ်ယောက်ဖြစ်နေပြီ
သူမအနားမှာနေပေးလိုက်ပါ"

လီဆာသမီးလေးဆီကိုပြေးသွားလိုက်တယ်

ဂျိန်းက အသက်မပါတဲ့မျက်ဝန်းတွေနဲ့လီဆာ့ကိုကြည့်လာတယ်
အဲလိုမကြည့်စမ်းပါနဲ့အချစ်ရေ

"ရှင်လာပြီလား
ကျမတို့ကလေးကိုကြည့်ပါအုန်း
သူမက ရှင်နဲ့တူတာလား ကျမနဲ့တူတာလား မခွဲတတ်ဘူးဖြစ်နေတယ်
သူတို့ပြောတာတော့ အဆုတ်ရောဂါရှိနေတယ်တဲ့
အရှင်းဆုံးပြောရရင် သူမအသက်မရှင်နိုင်ဘူးတဲ့
သူမကို နို့တိုက်ဖို့ကြိုးစားတော့
သူတို့က သမီးလေး နှလုံးရပ်သွားနိုင်တယ်တဲ့
သမီးလေးကို ထိခွင့် ကိုင်ခွင့်တောင်မပေးကြဘူး လီဆာ
ရှင် ကျမကို ကတိပေးထားတယ်လေ"

လီဆာ့ရင်ဘက်ကို‌တဒုန်းဒုန်းနဲ့ထုပြီးတောင်ပြောနေလေပြီ
လီဆာသိပါတယ် သမီးတစ်ယောက်ကို ထိခွင့်တောင်မပြောနဲ့ မျက်နှာလေးကို သေချာတောင်မမြင်သေးရတဲ့ဂျိန်းအတွက် လီဆာ သနားမိပါတယ်

"ဒါက ကျမတို့ဘဝရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်ဆို
ဒီကလေးလေးက ကျမတို့ဆီ ပျော်ရွှင်ခြင်းတွေယူလာပေးမှာဆို
ကျမငြင်းခဲ့တယ်လေ
ဘာလို့ ဒီလို ဖြစ်လာရတာလဲ"

"ဂျိန်းရေ ကိုယ်မင်းကို မျက်ရည်တစ်စ တောင်မကျစေလိုပါဘူး အခုတော့...
ကိုယ်တောင်းပန်ပါတယ်ကွာ
တောင်းပန်ပါတယ်"

"ကျမကိုလွှတ်"

"ဂျိန်းစိတ်ကိုအေးအေးထား သမီးလေးက ကိုယ်တို့ဆီ ပျော်ရွှင်ခြင်းတွေမယူလာပေးရင်တောင် ကိုယ်က သမီးလေးကိုရော ဂျိန်းကိုပါ ပျော်ရွှင်ခြင်းတွေပေးမှာမို့လို့
ဂျိန်းမငိုနဲ့တော့နော်"

ဂျိန်းပုံစံက သွေးရူးသွေးတန်းဖြစ်နေပုံ

"ဟင့်အင်း ကျမကိုလွှတ်ပါ လီဆာ
ကျမ ရှင့်ကိုဘာစကားမှမပြောချင်ဘူး
ကျမ အတန်တန်ပြောခဲ့ရင်းသားနဲ့  ရှင်‌စကားကိုယုံခဲ့မိတာကိုက မှားသွားတာ
လွှတ် လီဆာ"

"ကိုယ်တောင်းပန်ပါတယ် ဂျိန်း"

လီဆာတောင်းပန်နေရုံသာ
နှစ်ယောက်လုံးမျက်ရည်တွေနဲ့ သူတို့နှစ်ယောက်ရဲ့ ကမ္ဘာကြီးပြိုကွဲသွားပြီ

"ဘာဘဲဖြစ်ဖြစ် အပြစ်ရှိတာ ကိုယ်ပါဂျိန်းရေ
မင်းကို ကိုယ်ရဲ့ အိမ်မက်တွေကိုပြခဲ့ပေမဲ့
ဝမ်းနည်းမှာတွေဘဲဖြစ်ပေါ်စေလို့ တောင်းပန်ပါတယ်
ပြီးတော့ ကိုယ် မင်းရဲ့ခွင့်လွှတ်မှုကို မတောင်းဆိုရဲပါဘူး
တောင်းပန်ပါတယ်"

အဲဒီ့နေ့ကစပြီး ဂျိန်းက လီဆာ့ကို စကားမပြော
စကားဆိုလို့ တစ်လုံးတောင်မပြောတော့
လီဆာ့ခမျာ သမီးလေးအတွက်စိတ်ပူရ
မိန်းမဖြစ်သူကလဲ့ အဖက်တောင်မလုပ်တော့ သူ့မှာ အရူးတစ်ပိုင်း
သမီးလေးကတော့အခုထိ ဖန်ပေါင်းချောင်းအခန်းထဲမှာပင်

"Ellaသမီးလေး ထတော့လေ ဒယ်ဒီ့ သမီးလေး
ဘာဘဲဖြစ်ဖြစ် သမီး မာမီအတွက် ကြိုးစားထကြည့်ပေးပါ
ချစ်တယ် ဒယ်ဒီ့သမီးလေး"



#############
Part 17 finished
ဒီဇာတ်လမ်းမှာ ellaမာမီက ဂျိန်းလို့လဲ့မဆိုလိုသေးဘူး
Ellaက ဂျိန်းကိုသူမမာမီနေရာမှာစိတ်ကူးယဉ်ခိုင်းလို့သာ

Hi DaddyWhere stories live. Discover now