12

306 63 1
                                    

[Unicode]

ရှဝမ်နန် ဘဏ်သို့ရောက်အောင် သွားလိုက်နိုင်ပြီး ကံကောင်းထောက်မစွာနှင့် ဘဏ်အကောင့် PIN နံပါတ်မှာမူ သူ့‌မွေးနေ့ဖြစ်နေလို့ တော်သေးသည်။ ATM စက်တွင် ငွေကို စစ်ကြည့်သောအခါ သူ့ကတ်ထဲ ပျမ်းမျှ ယွမ် ၂ သောင်းလောက်ရှိနေမှန်း သိလိုက်ရ၏။

ရှဝမ်နန် ဘဝမှာ အဲ့လောက်များတဲ့ငွေပမာဏကို တစ်ခါမှ မပိုင်ဆိုင်ဖူးသလိုပါပဲ။

ယွမ် ၅၀၀ ငွေသားထုတ်ပြီးနောက် ကတ်ကို ပြန်ထုတ်ပြီး ထွက်သွားဖို့ပြင်ချိန်မှာပဲ တခြားအတွေးတစ်ခုဝင်လာသည်မို့ ဘဏ်ကောင်တာသို့ ပြန်သွား၍ သူ့ကတ်ထဲမှ ပိုင်ဆိုင်မှုအားလုံးကို စစ်ပေးဖို့ တောင်းဆိုလိုက်သည်။

ရှဝမ်နန်၏ပိုင်ဆိုင်မှုက ကတ်ထဲမှ မပြောပလောက်သော ယွမ် ၂ သောင်းဟူသော ပမာဏထက် အများကြီးရှိနေသည်။ Demand deposit ယွမ်၂ သောင်းအပြင် တခြား deposit နှင့် ငွေစုအကောင့်တွေမှာလည်း သူ့နာမည်နှင့် စုစုပေါင်း ယွမ်သုံးသန်း ပိုင်ဆိုင်ထားလေ၏။ သူ့အိမ်ကိုလည်း ပေါင်ထားတာတွေ့ရပြီး စာချုပ်ကို ကြည့်လိုက်သည်နှင့် အိမ်လိပ်စာအား ‌တွေ့နိုင်ပေသည်။

ဘဏ်ထဲမှ ထွက်လာပြီးနောက် အတော်ကြာမှ ရှဝမ်နန် စိတ်နှင့်လူနှင့်ကပ်သွားသည်။ တစ်ဖက်မှာ သူ့ပိုင်ဆိုင်မှုကြောင့် အံ့အားသင့်ရပါသလို တစ်ဖက်တွင်လည်း ဦးနှောက်ခြောက်စရာပင်။ သူ့မှာ ပိုက်ဆံလည်းရှိ၊ ကိုယ်ပိုင်အိမ်လည်း ရှိရဲ့သားနဲ့ ဘာကြောင့်များ မင်လုချွမ်းနဲ့ အတူနေခဲ့တာလဲ။

သူ့အိမ်ကို တစ်ချက်လောက်တော့ သွားကြည့်ချင်မိပြီ။

သွားရမည့်လမ်းကြောင်းကို အတည်ပြုပြီးနောက် ရှဝမ်နန် လမ်းတစ်ဖက်ခြမ်းတွင် ဘတ်စ်ကားစောင့်နေရင်း မင်လုချွမ်း ပြောတာတွေ အမှန်ပဲလားဟု စဉ်းစားနေမိသည်။

သူက တကယ်ပဲ မင်လုချွမ်းနဲ့ ချစ်ခဲ့တာလား။

စက္ကန့်ပင် မဆိုင်း ကိုယ့်ခေါင်းကိုယ်ခါ၍ ထိုအတွေးအား ဖျောက်ဖျက်ပစ်လိုက်သည်။ ဆေးရုံမှာတုန်းက သူ မင်လုချွမ်းကို ပြောခဲ့သည့်အတိုင်း ဘာအကြောင်းပဲရှိပါစေ လူတစ်ယောက်က ကြက်တစ်ကောင်ကို ချစ်စရာအကြောင်းမရှိသကဲ့သို့၊ ရှဝမ်နန်လို ခေါင်းအကောင်း ခန္ဓာကိုယ်အကောင်းရှိနေသည့် ဘီတာတစ်ဦးက အမျိုးသားအယ်လ်ဖာတစ်ဦးကို ချစ်မိသွားဖို့ မဖြစ်ရေးချမဖြစ်နိုင်ပေ။

နောက်ပြန်လှည့်ရန် လမ်းမရှိ || ဘာသာပြန်Where stories live. Discover now