part 13 (uni)

22.8K 866 29
                                        

"ဟလို မန်ဂလာပါ ခညာ...တွေရသာ၀မ်သာပါတယ်"

သူ့ကိုမသိပဲ လာနှုတ်ဆက်နေတဲ့ နိုင်ငံခြားရုပ်နဲ့ကောင်ကို မဏ္ဍိုင်ပြန်နှုတ်မဆက်ပဲ ရှူတည်တည်သာကြည့်‌နေလိုက်သည်။ ထိုစဉ် အစ်ကိုကထွက်လာကာ

"မဏ္ဍိုင်ရေ အဲ့ဒါ အစ်ကို့ကျောင်းကသူငယ်ချင်း နာမည်ကဗီးနပ်စ်ဂျိုးလ်တဲ့ ဖိလစ်ပိုင်သား မင်းကိုတွေ့ချင်လို့လိုက်လာတာ"

"ဗျာ ကျွန်တော့်ကို ဘာလို့"

"ဪ သူကမြန်မာစကားအရမ်းပြောချင်နေတာလေ ကိုယ့်အိမ်မှာမင်းရောက်နေမှန်းသိလို့ စကားပြောဖို့လိုက်လာတာ"

"ဪ..."

"နာမံ ဘယ်လို ခေါ်သလဲဗျာ"

"မဏ္ဍိုင်တည်စေ"

"မင်းနာမံက  တော်တော်ခက်သာပဲ... နှစ်နာမံထက်‌
‌ တောင်ခက်သေး မန် လို့ပဲခေါ်မယ်"

"နှစ်?"

မဏ္ဍိုင်မသိသလိုမေးလိုက်တဲ့အခါ "နှစ်လေ..." ဆိုပြီး သူ့လူဆီလက်ညှိုးထိုးပြလေသည်။  သူ့လူကို နှစ်လို့ခေါ်တာပေါ့လေ။ သူတောင် သူခေါ်ချင်တဲ့နာမည်လေး ခေါ်ခွင့်မရသေးတာကို။ တစ်ပြိုင်တည်း ရှေ့ကကောင်ကို အမြင်မကြည်တော့တာကြောင့် မျက်မှောင်ကိုပိုကျုံ့ပစ်လိုက်၏။

"ဗီးနပ်စ်က အဲ့လိုပဲ နာမည်ကိုတစ်လုံးတည်းပဲခေါ်တတ်တာ ရှည်ရင်ခက်လို့မခေါ်တတ်လို့တဲ့ လာအထဲထိုင်ကြအောင်"

"ဟုတ်"

"မန် မင်းက အရမ်းကြည်ကောင်းတယ်...
your look is very hot, sexy"

"ဟုတ်လား  thanks "

"နှစ် မင်းတို့မြန်မာက လူတွေက အရမ်းကြည်ကောင်းတယ်နော်...အဲ့ဒါကို ဘယ်လိုခေါ်လဲ ဒီရုပ်ကိုလေ"

"ဥပဓိရုပ် ခန့်ညားတယ်လို့ပြောလို့ရတယ် ၊အလွယ်ပြောချင်ရင် ရူ‌ပါဖြောင့်တယ်ခေါ်တယ်"

ဒါကတော့ မဏ္ဍိုင်ကထဖြေလိုက်တာဖြစ်သည်။ တစ်နှစ်နှစ်နဲ့ ခေါ်မေးနေတာ ဘယ်လိုမှကြည့်မရတော့။

"ရူပါ ဖြူးတယ်"

"ဟ ဘာရူပါဖြူးရမှာလဲ ဖြောင့်တာဖြောင့်တာ"

မောင့်အနှစ် ( Complete)Место, где живут истории. Откройте их для себя