အရှိန်အမြင့်ဆုံးမောင်းလာတဲ့ကားကို စိတ်မရှည်စွာ ပိုမြန်မြန်မောင်းနှင်နေမိသည်။ ဒီနေ့မှ ကားတွေကပိုကြပ်နေသလိုပဲ ကျစ်...! ပူလောင်နေတဲ့ရင်အစုံနဲ့အတူ
ကိုယ့်ကိုယ်ကိုယ်စိတ်တိုကာ တောက် ခဏခဏခတ်နေမိ၏။ သူပေါ့ဆတာ...တကယ်ဆို ညကဖုန်းမကိုင်တာကို အိပ်ပျော်သွားလို့ဟု တွေးမိကာဆက်မခေါ်မိတာ။ မနက်ဆက်တော့လည်း အလုပ်များနေတယ်ထင်မိတာ။ နေ့ခင်းစာထမင်းစားဖို့သွားခေါ်မှ ညက အစ်ကိုရေချိုးခန်းထဲချော်လဲ၍ ဆေးရုံတင်ထားရသည်ဟု
သိလိုက်ရတာဖြစ်သည်။ သိသိချင်း စိတ်တွေပူကာ ဘယ်ဆေးရုံလဲအမြန်မေး၍ လိုက်လာခဲ့တာပင်။ ဘယ်လောက်တောင် ထိခိုက်သွားလို့ ဆေးရုံတင်လိုက်ရတာလဲ... ခေါင်းတွေဘာတွေများထိသွားလို့လားတွေးမိတော့ စိုးရိမ်စိတ်တွေကမြင့်တက်လာ၏။ ဘာမှမဖြစ်ပါစေနဲ့လို့ ခဏခဏရေရွတ်ကာ ကားကိုအလျင်စလိုသာမောင်းနေမိသည်။ တကယ်ဆို သူညကတည်းက
သိသင့်တာ။ နောက်ဆို အစ်ကိုဘာပဲဖြစ်ဖြစ် အရင်ဆုံးသိရဖို့ သူတစ်ခုခုလုပ်သင့်နေပြီ။ ဆေးရုံရှေ့ရောက်တာနဲ့ ကားပါကင်မှာအမြန်၀င်ထိုးကာ ဆေးရုံခန်းထဲသို့ အပြေး၀င်သွားလိုက်၏။
"နှစ်ခြင်းဆိုင်နာမည်နဲ့လူနာ ဘယ်အခန်းမှာလဲ"
"ရှင်"
ရုတ်တရက် ဘာမပြောညာမပြော ထမေးလိုက်တော့ ကောင်တာကကောင်မလေးက ကြောင်အသွားပုံရသည်။
"ကျစ်! နှစ်ခြင်းဆိုင် နာမည်နဲ့လူနာ ဘယ်အခန်းလဲကြည့်ပေးလို့ရလား မနေ့ညက ဆေးရုံတက်တာ အသားအဖြူဖြူနဲ့ တော်တော်ချောတဲ့မျက်နှာပေါက်လေးနဲ့ အသက်က..."
"ရပြီ ရပြီ...ခဏနော် ကြည့်ပေးမယ်"
Computer ထဲသို့ ခဏစစ်ဆေးပြီးနောက်
"အခန်းနံပါတ် 709 ပါ"
"Ok ကျေးဇူး"
ဆေးရုံမှ၀န်ထမ်းကောင်မလေးကို ကျေးဇူးတင်ကာ ဓာတ်လှေကားရှိရာသို့ အမြန်ပြေးလာလိုက်သည်။
ဓာတ်လှေကားပွင့်တာနှင့် 7လွှာသို့နှိပ်ကာ အစ်ကိုရှိရာအခန်းသို့ အလောတလျင်လျှောက်လာမိ၏။ အခန်းရှေ့ရောက်မှ သက်ပြင်းရှည်ချလိုက်ကာ 20စက္ကန့်လောက်စိတ်ငြိမ်အောင်လုပ်ပြီးမှ တံခါးကိုခေါက်လိုက်သည်။
YOU ARE READING
မောင့်အနှစ် ( Complete)
Romanceအနှစ်က မောင့်နှလုံးအေးဆေးလေး🩷 (ဒုတိယအကြိမ်ပုံဖော်မိတဲ့ bl fiction လေးပါ) သစ်တောစိမ်းလေးကိုဖတ်ရမှာပါနော်😁
