Part -5

1.1K 29 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part-5
=====

တစ်လခန့်ကြာပြီးနောက်....

"ဟင့်အင်း ဘုံ အဘွားနဲ့ပဲနေမယ်"

"မြေး ကလေးမဆန်ချင်စမ်းပါနဲ့..အိမ်ထောင်ရက်သားကျနေပြီးကို.."

"ဘုံမှမလိုချင်တာ အဘွားအတင်းပေးစားပြီးတော့.."

"ငါမပေးစားပါဘူးဟယ်..ညည်းပဲခေါင်းညိတ်ပြီးတော့..."

"အဲဒါ ဦးစေ..သူ့အိမ်ပဲအတင်းခေါ်နေလို့ လက်ထပ်ရင် လိုက်စရာမလိုဘူးပြောလို့..ပြီးပြီးရော ခေါင်းညိတ်လိုက်တာ.."

"ဟေ့ ခု ညည်းအိမ်ထောင်သည်လေ.."

"အဘွားနော်.."

ဘုံ အိမ်ထောင်သည်ဟုပြောတာ မကြိုက်ပါ။ဖြစ်လဲ မဖြစ်ချင်ပါ...

အချိန်ထပ်ဆွဲမရတော့ သဖြင့် လက်ထပ်လိုက်ရပေမယ့်..စေမိဘတွေ ကန်တော့ပြီး အဘွားဆီ..လာကန်တော့တော့..ဘုံက ဒေါ်နန်းစံအခန်းထဲက မထွတ်တော့ပေ။

"ဘုံ.ပြန်ရအောင်."

အခန်းပြင်က..စေ ခေါ်သံထွတ်လာတော့..

"အဘွား သွားပြောလိုက် ဘုံ ဒီမှာနေမှာလို့.."

ဒေါ်နန်းစံ မြေးဖြစ်သူ ဂျီကျလွန်းသဖြင့် အခန်းထဲက ထွတ်လာခဲ့သည်။စေက ဒေါ်နန်းစံ တစ်ယောက်တည်း..ထွတ်လာတာမြင်တော့..မျက်ခုံးလေးတွန့်ပြီး...

"အဘွား..ဘုံရော.."

"ပြောမရဘူး မောင်စေရယ် ဒီမှာနေမယ်ချည်းပဲ ပြောနေတယ်"

"ဟင်"

စေက ခေါင်းညိတ်လိုက်ပြီး..

"ကျွန်တော်သွားခေါ်လိုက်ပါမယ်.."

စေ ဘုံရှိရာအခန်းဆီ လျောက်လာခဲ့ပြီး...

"ဘုံ တကယ်ပြန်မလိုက်ဘူးလား"

"ဟုတ်"

"ဒါဆို ကိုယ်ပြန်တော့မယ်.."

"ဟုတ်"

"ကိုယ့်ကို ထွတ်နှုတ်မဆက်ဘူးလား"

"ဟုတ်ကဲ့"

"တစ်ယောက်တည်း ပြန်သွားရတဲ့ ကိုယ့်ကို မင်းနှုတ်ဆက်သင့်တယ်"

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now