Part -15

853 23 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
===================
Part-15
======

ညနေဆည်းဆာ......

စေ မျက်တောင်လေးတွေ တဖျက်ဖျက်..ခက်လာသည်။ဒေါ်ထိပ်ဒေဝီ..ဝမ်းသာသွားရကာ..စေလက်ကို ဆုပ်ကိုင်လိုက်သည်။

"သား သားလေး.."

စေမျက်လုံးတို့ တဖြေးဖြေး ပွင့်လာခဲ့သည်။

"မေမေ"

"အေး..သား မေမေရှိတယ်..."

"ဘုံရော ဘုံကို ခေါ်ပေးပါ"

ဒေါ်ထိပ်ဒေဝီ မျက်နှာပျက်သွားရကာ...

"သူမရှိဘူး သား..ထွတ်သွားပြီ"

"မေမေ နှင်ထုတ်လိုက်တာလား"

"သားက သူ့ကြောင့်ဖြစ်ရတာလေ မေမေ သူ့မျက်နှာတောင်မမြင်ချင်ဘူး"

"မဟုတ်ဘူး မေမေ သားရှင်းပြမယ် ဘုံမမှားဘူး"

သတိရရခြင်း သားပြောတဲ့စကားက ဘုံမမှားဘူးတဲ့လား။ဒါဆို သူမှားတာလား၊

စေ ထထိုင်မလို့လုပ်ပေမယ့်...ခြေထောက်တွေလှုပ်လို့မရ။

"သား ဘာဖြစ်လို့လဲ.."

"ကျွန်တော်ခြေထောက်လှုပ်မရဘူး မေမေ ကျွန်တော်ခြေထောက်ဖြတ်လိုက်ရတာလားဟင်"

စေစကားကြောင့်..ဒေါ်ထိပ်ဒေဝီ..စိတ်ထိခိုက်သွားရသည်။ထို့ကြောင့် စေကိုဖက်ထားလိုက်ပြီး...

"မဖြတ်ရပါဘူးသားရယ်ခုလောလောဆယ် လှုပ်မရသေးတာပါ"

စေ မျက်နှာတွင် ဝမ်းနည်းမှုက အထင်းသား..ပေါ်လွင်သွားရသည်။

ထိုစဉ့် ဆရာဝန်ရောက်လာသည်။ဆရာဝန်က စေသူငယ်ချင်း..သူရိန်ဖြစ်သည်။

"မေမေ ခဏအပြင်ထွတ်ပေးပါလား..ကျွန်တော်သူရိန်နဲ့ပြောစရာရှိလို့"

ဒေါ်ထိပ်ဒေဝီက...စေကို စိတ်မချသလိုမျိုးကြည့်ပြီး..အခန်းထဲကထွတ်သွားခဲ့သည်။

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

တစ်လခန့်ကြာပြီးနောက်.......

"ကလင်...ကလင်.."

ဖုန်းမြည်လာသံကြောင့် ဘုံ မျက်လုံးမပွင့်ပဲ..လှမ်းယူနားထောင်လိုက်သည်။

နတ်စည်းစိမ်နှင့်မလဲပါWhere stories live. Discover now