Part -11

891 24 1
                                    

💕 နတ်စည်းစိမ်နှင့်မလဲပါ 💕
=====================
Part -11
======

"တင်းတောင်.."

လူခေါ်ဘဲလ်သံကြောင့်..ဘုံ..အိမ်ပြင်ထွတ်လာခဲ့သည်။

"ဟင်"

"ဘုံ ငါတို့လာတယ်"

ခြံပြင်တွင် ရပ်နေတဲ့ ရွှေစင်နဲ့မူလက လက်လှမ်းပြရင်း တိုးတိုးလေး အော်ပြောသည်။ဘုံ လက်လှမ်းပြလိုက်တော့..တံခါးက အလိုအလျောက်ပွင့်သွားသည်။

"မြတ်မင်း.."

ဟုတ်ပါသည် ရွှေစင်နဲ့မူလ နောက်တွင် မြတ်မင်းရောပါလာသည်။

"လာလေ အိမ်ထဲဝင်ထိုင်ကြ"

ဧည့်ခန်းထဲတွင်..သူတို့..ဝင်ထိုင်လိုက်ကြသည်။..

"ဘုံ..နေကောင်းသွားပြီလား.."

"အင်း..ကောင်းသွားပါပြီ.ရွှေစင်."

မြတ်မင်းက..မှတ်စုကူးထားတဲ့ စာအုပ်ကို ဘုံဆီ ကမ်းပေးရင်း..

"ဘုံ နင်လွတ်သွားတဲ့မှတ်စုတွေ ငါ ကူးပေးထားတယ်..စာမေးပွဲကနီးနေပြီလေ.."

"ဟုတ်လား ကျေးဇူးပဲ မြတ်မင်း.."

"မြတ်မင်းက..နင်နေမကောင်းပြောကတည်းက..ငါတို့ကို..ခေါ်နေတာ.."

"ငါ နေကောင်းသွားပါပြီ"

မူလက..စားပွဲပေါ်တင်ထားတဲ့ ဘုံစာအုပ်တွေကိုကြည့်ပြီး...

"နင့် စာအုပ်တွေပေး..ငါတို့..ကူးလိုက်မယ်.."

"ကျေးဇူးပဲ ငါကျောင်းပြန်တတ်တော့မှာပါ"

ဘုံက စာအုပ်တွေကို..လှမ်းပေးရင်း..မူလကို လိမ္မော်သီးစိတ်လေး..ခွံကျွေး၏။

"နင်ပိန်သွားတယ်..ဘုံ ဒါနဲ့..ဦးစေတမန်မရှိဘူးလား.."

"အင်း အလုပ်သွားတယ်..ငါ..အအေးသွားယူလိုက်မယ်"

ဘုံ..ထရပ်လိုက်တော့..မြတ်မင်းကလဲ..ထရပ်လိုက်ပြီး..

"ငါ..ကူပေးမယ်..."

ဘုံ ခေါင်းညိတ်ပြီး ထမင်းစားခန်းထဲ..ဝင်လာခဲ့သည်။..တစ်ယောက်တည်း..ပျင်းနေတာ..သူငယ်ချင်းတွေရောက်လာတော့..နည်းနည်းစိတ်သက်သာရာ..ရသွားသည်။

နတ်စည်းစိမ်နှင့်မလဲပါDonde viven las historias. Descúbrelo ahora