Chapter 16👥️

824 127 1
                                    

👥️Chapter 16

ဟဲယီလောင်ရှီးက စကားတစ်ခွန်းမှ မဆိုဘဲ မျက်နှာသေဖြင့်သာ မီးနီကို ရွေးလိုက်သည်။

ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားချေ။ ဤ လူသစ်လေး ယန်အန်းယုသည် မထင်မှတ်ထားသည့် အခြေအနေများကို တည်ငြိမ်စွာဖြင့် လက်ခံနိုင်ကာ သူ၏ ခေတ်ပေါ်အကမှာလည်း အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်၍ ရသည့်တိုင် သူ၏ အဆိုစွမ်းရည်မှာမူ ဒုတိယပွဲစဉ်တွင် အောင်မြင်ရန် မလုံလောက်သေးချေ။

ကျန်းကျီချမ်က ကြာမြင့်စွာ တုန့်ဆိုင်းနေခဲ့ပြီး အနီရောင်မီးခလုတ်ပေါ်တွင် လက်တင်လျက် စဉ်းစားနေခဲ့သော်ငြား နောက်ဆုံးတွင်မူ အစိမ်းရောင်ကိုသာ ရွေးချယ်လိုက်သည်။

“ယန်အန်းယု ..  ငါတော့ မင်းကို သဘောကျမိလာပြီ ထင်တယ် ...”

သူက ယန်အန်းယုကို မျက်စိတစ်ဖက် မှိတ်ပြကာ ပြောလိုက်သည်။

ယန်အန်းယုမှာ ကြောင်အနေဆဲ ဖြစ်ကာ ထိုကဲ့သို့သော စနောက်မှုမျိုးကို မည်ကဲ့သို့ ပြန်လည်တုန့်ပြန်ရမည်မှန်းလည်း မသိသည့်အတွက် ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ...”

ကျန် ဒိုင်နှစ်ဦးမှာမူ အတွေးနွံထဲ နစ်မြောနေကြကာ အချိန်များစွာ ကြာမြင့်သည်အထိ မည်သည့်မီးခလုတ်ကိုမှ မရွေးခဲ့ကြချေ။ တင်ဆက်သူက ရယ်သံတစ်ခုကို ဖျစ်ညှစ်ထုတ်လျက် သတိပေးလိုက်သည်။

“ဟွမ်လောင်ရှီး ဟူလောင်ရှီး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောချင်တာများ ရှိပါသေးလား ...”

စင်စစ်အားဖြင့် တင်ဆက်သူသည်လည်း ဤလူရွေးပွဲ ကျင်းပစဉ်အတွင်း ယန်အန်းယု၏ ဖျော်ဖြေမှုမှာ မည်မျှပင် ကောင်းမွန်နေပါစေ သူ့ကို ကျိန်းသေ ဖယ်ထုတ်ရမည်ဟု ယန်ကျွယ့်ကိုယ်တိုင်က ညွှန်ကြားထားကြောင်း သိနေပေသည်။

သူ့အစ်ကိုကြီးထံတွင် သူ့ကို အနုပညာလောကထဲသို့ ခြေချခိုင်းမည့် အကြံမျိုး  လုံးဝ ရှိမနေချေ။ ထို့အပြင် ယန်အန်းယု၏ ကောလဟာလများမှာလည်း နောက်တစ်ကြိမ် ပျံ့နှံ့လာပြန်ပြီ ဖြစ်ရာ သူ အားလုံး၏ မျက်စိအောက်မှ ပျောက်ကွယ်သွားမှသာလျှင် ထိုသတင်းမှားများလည်း တစ်ဖြည်းဖြည်း ငြိမ်သက်သွားမည် ဖြစ်သည်။

ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now