👥️Chapter 36သူသည်လည်း ဝမ်ရှင်းကျင်းယွမ်၌ အချိန်ကာလ တစ်ခုကြာ နေထိုင်ခဲ့ဖူးသည့်အတွက် အိမ်ထဲရှိ ပစ္စည်းများကို အကျွမ်းတဝင် ဖြစ်နေဆဲပင်။
ယန်အန်းယုက သူကဲ့သို့ပင် ငြိမ်သက်လိမ္မာစွာ ထိုင်နေသော CoCo ကို ပေါင်ပေါ် တင်ထားလျက် ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။ ယီချန်းယန်ကမူ သူ့အနောက်တွင် ရပ်ကာ ဆံပင်ကို လေမှုတ်ပေးလိုက်သည်။
ခေါင်းလျှော်ထားကာစ ယန်အန်းယုထံမှ ခေါင်းလျှော်ရည်၏ မွှေးရနံ့ကို ခပ်သင်းသင်း ရနေရာ ယီချန်းယန် သူ့ဆံပင်များကို လက်ချောင်းဖြင့် ဖြီးသင်ရင်း တိတ်တိတ်လေး မွှေးကြူလိုက်သည်။ သူက ယန်အန်းယုကို အသာအယာ ကျီစယ်ရင်း တစ်ဖက်လူ၏ ဦးရေပြားကိုပါ နှိပ်နယ်ပေးလိုက်သည်။
အထူးတလည် ပြုစုပေးမှုကို ခံစားရင်း ယန်အန်းယုသည် သက်တောင့်သက်သာဖြစ်ရမည့်အစား ရှက်ရွံ့မှုကိုသာ ခံစားလိုက်ရသည်။ သူ့နားရွက်တစ်ခုလုံး မီးခဲသဖွယ် နီရဲပူပြင်းလာလေ၏။
"ယီ .. ယီချန်းယန် .. ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်ပါ့မယ် ခင်ဗျားကိုယ်တိုင် လုပ်ပေးနေဖို့ မလို ..."
"မလှုပ်နဲ့ ..."
ယီချန်းယန်က စကားကို ဖြတ်ပြောလိုက်ပြီး ခေါင်းမာမာဖြင့် ဆက်ပြီး ဆံပင်ကို လေမှုတ်ပေးနေလိုက်သည်။
"မင်းက CoCo နဲ့ပဲ ကစားနေလိုက် ..."
ကူကယ်ရာ မဲ့သွားရှာသည့် ယန်အန်းယုမှာလည်း ရှက်ရွံ့စိတ်အား ကြိုးစား၍ဖျောက်ကာ စိတ်ကို လျော့ချ၍ ရုပ်ရှင်ဧကရာဇ်ယီ၏ အထူးစပါယ်ရှယ် ဝန်ဆောင်မှုကို အေးအေးဆေးဆေး ဇိမ်ခံရန်သာ ကြိုးစားလိုက်ရသည်။
ထိုသို့ ဝန်ဆောင်မှု ပေးနေစဉ်အတွင်း ယီချန်းယန်၏ အကြည့်တို့သည် အောက်သို့ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ယန်အန်းယု၏ အင်္ကျီလည်ပင်းပေါက်မှာ သိသိသာသာ ကျယ်နေရာ .. သူ့နေရာမှ ကြည့်လိုက်ပါလျှင် နူးညံ့လှပသည့် ညှပ်ရိုးလေးများကို အတိုင်းသား မြင်တွေ့နေရသည်။
YOU ARE READING
ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)
FantasyTitle ကို Description မှာထည့်ထားပါတယ် Unicode Only All credits goes to Original Author and E-Translators I hope u enjoy .