အပိုင်း ၂

22.1K 547 13
                                    

တသိမ့်သိမ့်....နွံ (၂)
      
                             အပိုင်း-၂

(" အိမ်ထောင်ပြုခြင်းက မိန်းမသားတစ်ယောက်အတွက်မိမိ၏ လွတ်လပ်မှုကိုကြိုးကွင်းစွပ်မိခြင်းပါပဲတဲ့... မဏိရေဒါကိုနင်လက်ခံလား.."

" အပြည့်အဝလက်ခံတယ်"
ဟင် " ဘယ်လိုလုပ်ပြီးတော့လဲ..."
" ငါ့အမေကိုကြည့်ပြီးတော့ပေါ့..." )

မဏိရဲ့ငယ်ဘဝကပျော်ခဲ့လား၊ မပျော်ခဲ့လားဆိုတာ
တော့သေချာမမှတ်မိပါဘူး။
တစ်ဘဝလုံးစာရေတွက်ကြည့်ရင်တော့ မိတ်ဆွေ၊သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာလူအများအပြားရှိခဲ့တာပေါ့‌ လေ။ သို့ပေမယ့်မဏိ ၅တန်းတတ်ဖို့ အ.ထ.က ၅ကိုပြောင်းရတဲ့အချိန်တုန်းကစတင်ခင်မင်ခဲ့တဲ့ ငုဝါမေဆိုတဲ့သူငယ်ချင်းမလေးကတော့
မဏိအတွက်ဘုရားပေးတဲ့အဖော်မွန်တစ်ယောက်လိုပါပဲ။

ဒါပေမယ့် မဏိတို့ကြားထဲမှာလည်းကွဲပြားခြားနားမှုတွေအများကြီးရှိပါသေးတယ်။ ငု ကအတွေးသမား
နေ့တိုင်းသူကအကြောင်းအရာတော်တော်များများကိုတွေးတောနေတတ်တယ်။
ဥပမာ - သူငယ်ချင်းတစ်ယောက်ကျောင်းမလာဘူးဆိုပါတော့၊ ဘာလို့မလာတာလဲဟု တခုတ်တရထိုင်စဉ်းစားနေတတ်တယ်။
မိန်းခလေးဝတ်ဖန်စီပစ္စည်းလှလှ‌လေးတွေတွေ့ရင်လည်း ဒါဘာနဲ့လုပ်တာလဲ၊ ဘယ်လိုလုပ်တာသူထိုင်စဉ်းစားနေပြန်ကော...
နောက်ပြီး...
မုန့်ဈေးတန်းရောက်ရင်လည်းဘာစားရမလဲ ဆိုတာကိုလဲသူအများကြီးစဉ်းစားတယ်။ တချို့သရေစာမုန့်တွေကအရောင်းသွက်တော့သူစဉ်းစားနေတုန်း‌မှာပဲ
ကုန်သွားတတ်ပါတယ်။

" ဟင် ကုန် ကုန် သွားပြီလား..."
" ငါ ဝယ်ထားတယ် လာ လာ..."
မဏိကကြတစ်ခုခုလုပ်မယ်ဆို အချိန်မဆိုင်းဗြုန်းစား
ထလုပ်တတ်တဲ့လူမျိုးဖြစ်ပါသည်။

ပြီးတော့ ငုကကဗျာတွေ၊ဝတ္တုတွေ ရုပ်ရှင်တွေကိုစွဲလမ်းနှစ်ခြိုက်သူဖြစ်သည်။
ရုပ်ရှင်တစ်ကားကိုသူကြည့်ပြီးပြီဆိုရင် အတန်းဖော်
တွေကိုစီကာပတ်ကုံးစိတ်ဝင်စားအောင်ပြန်ပြောပြနိုင်တဲ့အရည်အချင်းရှိသည်။

မဏိကတော့ ရုပ်ရှင်၊သီချင်း၊ ဝတ္တု ဘာတစ်ခုမှကိုဝါသနာမပါလို့ အနုပညာမခံစားတတ်တဲ့စက်ရုပ်မဟုအတန်း‌ဖော်တွေကဆိုကြသည်။

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now