အပိုင်း - ၄

16.4K 543 24
                                    

တသိမ့်သိမ့်....နွံ (၄)
      
                             အပိုင်း-၄

မဏိ ပထမအကြိမ်ငြင်းပယ်လိုက်တုန်းကတော့ ဘယ်သူမှဘာမှမပြောကြပေမယ့် ဒုတိယအကြိမ်ငြင်းလိုက်တဲ့အချိန်မှာတော့ တစ်မျိုးလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားပါသည်။ တဖက်လူကနိုင်ကျော်စွာရဲ့မြေးဖြစ်နေတာကိုး။

မဏိရဲ့ကြီးတော်ကြီးဆိုရင် မဏိကိုစိတ်ဆိုးသွားတဲ့အောင်သွယ်တော်အားအတင်းလိုက်ချော့ပြီး
' ချက်ချင်းအကြောင်းမပြန်ပါနဲ့အုံး၊ မဏိကိုနားချကြည့်ပါ့မယ်' ဆိုပြီးတားထားပါသည်။

ဘာမဆိုင်ညာမဆိုင်မဏိကိုဒေါပွနေသူက ဦးလေးငယ်ပင်။
" ဒီကောင်မလေးလုပ်ပုံကောင်းလားကြည့်စမ်းပါအုံး"

ဦးထွန်းမြင့်မှာသူ့အစ်ကိုအား..
" ကိုကြီးသမီးကဒီလောက်ကောင်းတဲ့‌ကံကိုခြေနဲ့ကန်ထုတ်နေတာကို ဒီအတိုင်းကြည့်နေမှာလား..."

ဦးစိုးသိုက်ကလည်းစိတ်ပျက်လက်ပျက်ဖြစ်နေတာ..
" မင်းတူမက ငါ့စကားနားထောင်အုံးမှကိုး.."
" ဟာ ကိုကြီးကအဖေပဲဥစ္စာ.."
" ထွန်းမြင့်ရာ.. မင်းသူ့အကြောင်းမသိလို့လား..."

( ဦးစိုးသိုက်မှာလည်းမဏိသိုက်နဲ့ပတ်သတ်ပြီး အစာမကျေနိုင်စရာကိစ္စကြီးတစ်ခုရှိခဲ့သည်။
အဲ့တုန်းက မဏိသိုက်က ဒုမြို့နယ်တရားသူကြီးဖြစ်ကာစပေါ့။
ဦးစိုးသိုက်နဲ့မိတ်ဆွေတစ်ယောက်က အမှုအခင်းကိစ္စနဲ့ကြုံရာ တိုက်တိုက်ဆိုင်ဆိုင်မဏိကိုင်ရတဲ့အမှုတွဲဖြစ်နေပါသည်။

ဒါနဲ့တဖက်ကလည်း ဦးစိုးသိုက်ကိုချဉ်းကပ်ပြီး အမှုကိုကွင်းလုံးလွတ်အောင်လမ်းကြောင်းခင်းတော့တာပေါ့။
သူ့မှာတော့ သမီးတရားသူကြီးရှိလို့ ဂုဏ်ရမလားမှတ်တယ်၊အဲ့ကောင်မလေးက ဘယ်လိုတုံ့ပြန်တယ်မှတ်လဲ...
" စီရင်ချက်မချခင်အထိ မဏိဘယ်အမှုသည်နဲ့မှ မတွေ့နိုင်ဘူးဖေဖေ... "
" အမှုသည်အနေနဲ့မဟုတ်ပဲအဖေ့ရဲ့မိတ်ဆွေအနေနဲ့"

" ဒါဆိုအမှုအကြောင်းမပြောပဲနေမှာလား..."
" ဒါကတော့...."

" တရားသူကြီးက ကတိသုံးပါးမခံရဘူး ...
တရားလိုနဲ့ပဲဖြစ်ဖြစ်၊ တရားခံနဲ့ပဲဖြစ်ဖြစ်ပေါ့..
အဖေ့မိတ်ဆွေကိုလည်းဒီအတိုင်းပဲပြောလိုက်ပါ.."

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now