တသိမ့်သိမ့်....နွံ (၃၃)
အပိုင်း-၃၃သူကမဏိသန်မာတာကိုကြိုက်ပါတယ်တဲ့၊ ဒါပေမယ့်
လောကဓံဆိုတဲ့နဂါးကြီးကိုရင်ဆိုင်တဲ့အခါသူ့နောက်မှာနေပါတဲ့...။
ဒါကကောင်မလေးတိုင်းကြားချင်တဲ့စကားဖြစ်မည်။
တစ်ချက်ထဲတဲ့ပျော့ခွေညွှတ်ကြသွားလောက်တဲ့စကားလုံးလေးတွေပဲ။သေချာစဉ်းစားကြည့်ရင်တော့ သူတို့ယောက်ျားလေး
တွေကကယ်တင်ရှင်moodဝင်နေတာလေ။တကယ့်လက်တွေ့မှာတော့ သူတို့ယောက်ျားတွေရဲ့ကောင်းခြင်း၊ဆိုးခြင်းအားလုံးကိုမျှဝေယူပြီး၊သူတို့အတွက်မျိုးဆက်တွေကိုမွေးဖွားပြီး..မိသားစုကိုစောင့်ရှောက်ရတာကမိန်းမတွေပါပဲ။
မိန်းမတွေရဲ့ကောင်းခြင်း၊ဆိုးခြင်းကိုမျှဝေယူပေးတဲ့ယောက်ျားဆိုတာက အနည်းအကျဉ်းပဲရှိတာ။ဥပမာ..သူတို့နေမကောင်းရင်..ငါနေမကောင်းဘူးကွာ
ဆိုတာနဲ့ တည့်သည်မတည့်သည်ကအပထား..မိန်းမတွေကချက်ချင်းပဲ ဆရာဝန်တွေ၊သူနာပြုတွေဖြစ်ကုန်တာ...
အဲ့ဒီ့ကယ်တင်ရှင်ရွှေမင်းသားတွေက မိန်းမတွေများနေမကောင်းလို့ကတော့ ပါရာစီတီမော့တောင်ဘယ်နားထားမှန်းမသိကြပါဘူး။
ထားလိုက်ပါတော့..နဂါးကြီးနဲ့ရင်ဆိုင်နေရတော့သူတို့မှာအလုပ်များတယ်လေ။နေဇာဋာကလည်း ဒီလိုသူရဲ့မွေးရာပါအရိုးထိစွဲနေတဲ့ဖိုဝါဒကိုအဆုံးအထိလွှတ်ချနိုင်မှာမဟုတ်ဘူး။
မင်းကိုဘုရင်မ ဖြစ်စေရမယ်၊ ဒါပေမယ့်ဘုရင်ကတော့ကိုယ်ပဲ ဆိုတဲ့လူစားမျိုး..မဏိကလည်းဒါကိုလက်မခံနိုင်ဘူးဆိုရင်
သူနဲ့လက်မထပ်ခဲ့ဖို့ပဲကောင်းတယ်။
သူပြောသလိုပဲပေါ့..လက်ထပ်ထားမှတော့သူ့ကိုနေရာပေးရမှာပေါ့။
တစ်ကိုယ်တည်းတောက်ပချင်တယ်ဆိုတာကအပျိုဘဝမှာတင်ပြီးသွားပြီလေ။>>>>>
သူကစကားပြောနေတာတောင် မဏိကသူ့ဟာသူတစ်ယောက်ထဲအတွေးများနေပုံရသည်။
" မင်းဘာလို့အိပ်မပျော်တဲ့ရောဂါစွဲကပ်လာလည်း
ကိုယ်သိပြီထင်တယ်.. မင်းကအရမ်းအတွေးများတာကိုး...
ဒါနဲ့ မင်းရဲ့အတွေးတွေထဲမှာကောကိုယ်ကရာခိုင်နှုန်းဘယ်လောက်ပါလဲ .."
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Romanceဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...