ep28

8.5K 297 14
                                    

Unicode

အဆင်ပြေလားဆို သူတို့ဆက်ဆံရေးဟာ အတော်လေးကိုအဆင်ပြေလာသည်။အဓိကသည် နားလည်မှုတွေရှိလာကြသည်။ချစ်ကြောင်းတွေသိပ်ပြောတတ်တဲ့ခိမ်းနဲ့ရင်ခုန်ရင်တောင် ချစ်ကြောင်းမပြောတဲ့ရင်ခင်း

သူတို့အိမ်ထောင်ရေးဟာ နည်းနည်းတော့လူပြောစရာရှိသည်။လူတွေက သူတို့ဆက်ဆံရေးကိုမခန့်မှန်းနိုင်ကြပါ။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်နားလည်ကြသည်။တစ်ယောက်ဘာဖြစ်ချင်လည်းဆိုတာ တစ်ယောက်ကနားလည်သည်။တကျက်ကျက်ရန်ဖြစ်နေကြပေမယ့် တစ်ယောက်ကလှပတဲ့စကားလေးတွေနဲ့ချော့နေမြဲမို့ကျန်တစ်ယောက်က စိတ်ကောက်ပြေရမြဲ

တစ်ယောက်ရဲ့စကားလုံးချိုချိုလေးတွေ၊မူယာမာယာများတဲ့အပြုအမူတွေ၊လူဆိုးဆန်ဆန်ဆိုးတဲ့ဂိုဏ်ပုဒ်လေးတွေ၊ဒီလိုပါဘဲ ထုတ်သာမပြောခဲ့တာ ဒီလူရဲ့အပြုအမူအပြောအဆိုကြား သံဃောဇဥ်ဆိုတဲ့ကြိုးနဲ့တော်တော်လေးကိုနှစ်မွှန်းနေခဲ့ပြီး ကဗျာဆရာတွေတင်စားကြတဲ့ ရုန်းလေနှစ်လေနွံထဲကျသွားတဲ့ခံစားချက်ပေါ့

"ရင်ခင်း ကျုပ်နာရီပျောက်နေတယ်"

"မင်းအလုပ်ခန်းထဲမှာ
မနေ့က အလုပ်ခန်းထဲကပြန်ထွက်လာတော့ နာရီပါမလာဘူး"

လက်ရှိအခြေအနေကတော့ ဒါပါဘဲ
သုံးနှစ်ကျော်ကာလအတွင်းမှာ ခိမ်းဟာပိုပိုပြီးကလေးဆန်လာသည်။လူဆိုးကောင်က ပလီပလာလည်းပိုများတတ်လာတယ်။လူဆိုးကောင်ရဲ့အရာရာဟာ ရင်ခင်းခက်ဗျာဖြစ်လာသည်။

သာမန်အိမ်ထောင်သည်တွေမှာဖြစ်နေကြအလေ့အထအတိုင်း ဖိနပ်စီးတာကအစ ရင်ခင်းမပါရင် ခိမ်းအတွက်မပြီးပါ။ခရီးထွက်ရင်လည်း ဖုန်းဆက်ကာလှမ်းလှမ်းမေးတတ်တာကြောင့် ရင်ခင်းမှာဖြေရမြဲဖြစ်သည်။ခိမ်းသည် ပိုပိုပြီးကလေးလေးနဲ့တူလာသည်။

တစ်ခါတစ်လေ သူလိုချင်တဲ့ဆိုင်ကယ်တွေကိုပူဆာတတ်သည်။တစ်ခါတစ်လေ သူလိုချင်တယ်ကားတွေပူဆာသည်။သူ့ပိုက်ဆံနဲ့ကျမဝယ်ဘဲ ရင်ခင်းပိုက်ဆံကိုသာသုံးသည်။မဝယ်မပေးချင်းဂျစ်တိုက်တတ်တာမို့ ရင်ခင်းလိုနားပူနာဆာလုပ်တာမခံနိုင်နိုင်လူက ချက်ချင်းဝယ်ပေးရသည်။

ခိမ်းWhere stories live. Discover now