ep33

6.8K 246 8
                                    

Unicode

"ငါတို့ ထပ်မတွေ့ရအောင်Jadon"

"မဟုတ်သေးဘူး honey
ပြဿနာတစ်ခုကို အလွယ်လေးဆုံးဖြတ်ချက်ချလို့မရဘူး"

"ငါ အလွယ်လေးဆုံးဖြတ်တယ်လို့ မင်းထင်နေတာလား။ဒီဆုံးရှုံးမှုက မင်းအတွက်လက်အောက်ငယ်သားတစ်ယောက်သဘောဆိုပေမယ့် ငါ့အတွက်တော့ ညီတစ်ယောက်၊သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသလိုဘဲ။ပြီးတော့ မွေးမလာခင်ထဲက ဖခင်မဲ့သွားတဲ့ကလေးအတွက် အဲ့ကလေးအတွက်တာဝန်ယူမှုကငါ့မှာ အပြည့်ရှိတယ်"

"မှန်ပါတယ် မိနန်းကလေးအတွက် တာဝန်ယူရမယ်ဆိုတာ ကျုပ်သိပါတယ်။ဒါပေမယ့် ဒါကhoneyနဲ့လမ်းခွဲစရာကိစ္စရပ်မဟုတ်ဘူးလေ။ကလေးကို ကျုပ်တို့သုံးယောက်အတူစောင့်​ရှောက်ကြလို့ရတယ်"

"ငါမင်းကိုမယုံဘူး Jadon
ရန်သူဝိုင်းနေတဲ့မင်းဘဝထဲကို ကလေးကိုဆွဲမသွင်းချင်ဘူး။ပြီးတော့ ငါ့ကိုလည်း လမ်းခွဲပေးပါ။ကလေးဖအေနေရာမှာ ငါဘဲရှိနေရမယ်။ကလေးရဲ့ဖအေအရင်းက ငါဘဲဖြစ်ရမယ်။သူ့ဖအေက လူသတ်သမားတွေလက်ထဲမှာ သေသွားတယ်ဆိုတာမျိုးမဖြစ်စေရဘူး"

"အမှန်တရားက တစ်နေ့ပေါ်လာမှာဘဲ honey"

"အမှန်တရား ပေါ်လာတဲ့နေ့ကျ ငါ့သားကို ဒူးထောက်ပြီးတောင်းပန်မယ်။မပေါ်လာတဲ့နေ့အထိတော့ ဒီကလေးဖအေအရင်းက ငါဘဲ"

"ကျုပ် သဘောမတူဘူး
ကျုပ်လမ်းမခွဲပေးနိုင်ဘူးhoney"

"မင်းဆီမှာ နေရမှာကြောက်နေတဲ့လူကိုအတင်းမဆွဲထားပါနဲ့Jadon၊ငါ ငါလည်း စိတ်ကုန်နေပြီး"

လူတွေပြောတဲ့ ရင်ဘက်ထဲက နာကျင်မှုဆိုတာ ဒါကိုပြောတာလား။ဓားနဲ့ထိုးမိတဲ့ဒဏ်ရာထပ်ပိုနာပြီးသေနတ်နဲ့ပစ်လိုက်တာမှခံသာအုံးမယ်ဆိုတဲ့ နာကျင်မှုမျိုး။သူနှလုံးသားတစ်ခုလုံး သွေးယိုစိမ့်နေပြီးထင်ပါရဲ့ နာလိုက်တာ

"ဘယ်လက်လွှတ်ခံနိုင်ပါ့မလည်း ခင်ဗျားရယ်
သိပ်ချစ်တာလေဗျာ"

"ငါကတော့.."

"မပြောပါနဲ့ ကျုပ်တောင်းပန်ပါတယ်၊
မကာကွယ်နိုင်ခဲ့လို့ ကလေးတစ်ယောက်အတွက်ဖခင်မဲ့သွားတာသိပေမယ့် အတ္တကြီးစွာနဲ့ဘဲ honeyဆုံးဖြတ်ချက်လေးကို ပြင်ပေးလို့မရဘူးလားဟင်"

ခိမ်းWhere stories live. Discover now