Unicode
"ဘယ်နေရာလဲ"
ခိမ်းသည် စိမ်းသက်နေတဲ့နေရာကြောင့် ပါးစပ်ကနေ ခပ်တိုးတိုးဆိုလိုက်သည်။ဒီလောက်လှတဲ့ ပန်းခင်းမျိုး သူမမြင်ခဲ့ဖူးပေ။အနီရောင်ပန်းတွေဟာ အရောင်အသွေးတောက်ပစွာ ဖူးပွင့်နေကြသည်။ခိမ်းသည် ပန်းတွေနဲ့ သိပ်ပြီး မစိမ်းသက်လှတဲ့လူမို့ ဒီပန်းဟာ ဘာပန်းအမျိုးအစားလည်းဆိုတာ သိသည်။
Red Spider Lily
သေဆုံးခြင်းနဲ့ခွဲခွာခြင်းကို ကိုယ်စားပြုတဲ့ပန်းဖြစ်သည်။ဝိဉာဥ်တွေ သံသရာလည်ခြင်းကိုလည်း ကိုယ်စားပြုသေးသည်။
"အိမ်တော်ထိန်းလား"
နောက်ကျောသာ မြင်နေရပေမယ့် ခိမ်းသေချာပေါက်မှတ်မိနေသည်။ငယ်ငယ်က ကျောင်းရှေ့မှာ အမြဲစောင့်နေတတ်တဲ့ကျောပြင်ကျယ်၊အပြင်က ပြန်လာတိုင်း တွေ့ရတဲ့ကျောပြင်လေးကို ခိမ်းကောင်းကောင်းကြီးကိုမှတ်မိနေလေသည်။
"ခိမ်း"
"တကယ် အိမ်တော်ထိန်းဘဲ
သူသေသွားတာလား"ခိမ်း ကိုယ်ကိုယ်ကိုယ် ခပ်တိုးတိုးအမေးပြန်ထုတ်လိုက်သည်။သူ့ခန္ဓာတစ်ခုလုံးက အရင်ကလို နာကျင်မှုမရှိပါ။
"ဘာလို့ ကိုယ်ကိုယ်ကိုယ်ဂရုမစိုက်ရတာလည်း ကလေးပေါက်ရဲ့"
အပြုံးနွေးနွေးလေးကြောင့် ခိမ်းရင်ဘက်တစ်ခုလုံးနွေးထွေးလာရသည်။ဒီလူကြီးဟာ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် နွေးထွေးမှုတွေ ပေးနေဆဲ။သို့သော်
"ကျုပ် သေသွားတာလား"
ခိမ်းရဲ့အမေးကို အိမ်တော်ထိန်းဟာ ပြန်မဖြေ ပြုံး၍သာနှုတ်ဆိတ်နေသည်။ခိမ်းသည် တဖြည်းဖြည်းထိတ်လန့်လာသည်။သူမသေချင်သေးပေ။သူ Daddyနဲ့ရင်ခင်းကိုစိတ်မချပေ။သူ့ကိုချစ်တဲ့လူသားလေးနှစ်ယောက်က သူသာမရှိရင် ဘယ်လောက်တောင် နာကျင်နေလိမ့်မလဲ။ခိမ်းသည် တွေးကြည့်နေတာရုံနဲ့တင် နှလုံးသားက အောင့်သက်လာသည်။
မျက်ရည်တွေအိုင်ထွန်းလာတဲ့မျက်ဝန်းအိမ်ကြောင့် အရှေ့ရှိမြင်ကွင်းသည် ဝေဝါးလာသည်။ခိမ်းမျက်တောင် တစ်ချက်ခပ်လိုက်သည်နဲ့ ဝေဝါးနေတဲ့အမြင်အာရုံထဲမှာ အမျိုးသမီးတစ်ယောက်က ထပ်မံပေါ်လာသည်။ခိမ်းသည် မျက်လုံးအိမ်မှာ ပြည့်နေတဲ့မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်ကာ အရှေ့က အမျိုးသမီးကို သေချာကြည့်လိုက်သည်။