(5.2)သူထင်ထားတာထက် ပိုပြီးကြိုးစားခဲ့တယ်/သူထင္ထားတာထက္ ပိုၿပီးႀကိဳးစားခဲ့တယ္

65 25 14
                                    

[Unicode]

Chapter (5.2) - ဒီကောင်လေးက သူထင်ထားတာထက် ပိုပြီးကြိုးစားခဲ့တယ်

"ဝိတ်ချပြီးသွားရင် ဆံပင်ကို ရွှေရောင်ဖျော့ဖျော့လေး သွားဆိုးရမယ်"

ချင်းလောင်ထိုင်ချလိုက်ပြီး ဖိနပ်ကြိုးကိုပြန်ချည်သည်။

"ဆံပင်ဆိုတာမျိုးက အမေ့ဆီက ရတဲ့အမွေလေ။ ဒါပေမဲ့ကြည့်ရတာ မွဲခြောက်ခြောက်ဖြစ်နေတယ်"

ချန်းကျစ်ယွီရယ်လိုက်သည်။

"အန်တီက အရမ်းလှတယ်"

"ဟုတ်တယ်။ အဲဒါကြောင့် ကျွန်တော်လည်း ကောင်းကောင်းဝိတ်ချပြီးရင် ခန့်ညားလာမှာ သေချာတယ်"

ချင်းလောင် မသိမသာ အံကြိတ်လိုက်သည်။

- အိုး... ငါက တော်တော်လေး အရှက်မရှိတဲ့ကောင်ပဲဟ...။

ချန်းကျစ်ယွီသည် ချင်းလောင်၏စကားကို လျှင်မြန်စွာတုံ့ပြန်လိုက်သော်လည်း စိတ်ထဲမှာတော့ သရော်နေလေသည်။

--------

ယဲ့ချန်သည် ချင်းလောင်ကို ကလပ်မှာတွေ့ခဲ့သည့် အဲဒီ့နေ့ကတည်းက နည်းနည်းစိတ်မသက်မသာဖြစ်နေခဲ့သည်။ ဒီအလုပ်က အရမ်းမပင်ပန်းသည့်အပြင် လစာကလည်းကောင်းသည်မို့ မဆုံးရှုံးချင်ပေ။

သို့သော်လည်း တစ်လကြာသည့်တိုင် ချင်းလောင်က သူ့ကို တစ်ကြိမ်လေးပင် ပြဿနာမရှာပေ။ ချန်းကျစ်ယွီကသာ အအေးယူပေးရန် အကြိမ်ရေတစ်ချို့ ခိုင်းစေခဲ့သေးသည်။ ဒါပေမဲ့ အရှက်ရအောင် လုပ်တာမျိုးတော့မရှိဘဲ ပုံမှန် customer တွေလိုပင်။

ဒီနေ့မှာတော့ ယဲ့ချန်သည် SVIP များ လေ့ကျင့်ရာ အပေါ်ထပ် gym ခန်းမသို့ ခါတိုင်းလိုပဲ တက်လာခဲ့ပြီး customer များ မရောက်လာသေးခင် ပစ္စည်းကိရိယာများကို စစ်ဆေးရန်မည်ကြံသည်။

ထိုအချိန်၌ ဘယ်သူမှရှိမနေလောက်ဘူးဟု ထင်ထားသော gym ခန်းမထဲမှ အသံတစ်ချို့ကို သူကြားလိုက်ရသည်။

ဒီလောက်အစောကြီး ဘယ်သူလေ့ကျင့်နေတာလဲ။

ယဲ့ချန်တစ်ချက်လောက် မသိမသာလေးခိုးကြည့်လိုက်ရာ ချင်းလောင်ဖြစ်နေမှန်း သိလိုက်ရသည်။

စင်ဂယ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now