76 22 14
[Unicode]
Chapter (9.2) – အချစ်ကျမ်းကြေတဲ့ချင်းလောင်
ချင်းလောင်သည် ရုတ်တရက် ယဲ့ချန်ကို တွန်းထုတ်လိုက်သည်။ ယဲ့ချန်လည်း အမြန်နောက်ပြန်ဆုတ်လိုက်သည်။ သူဟာ ချင်းလောင်၏မျက်နှာကိုပင် မကြည့်ရဲတော့ပါချေ။
"ဖာ့ခ်..."
ချင်းလောင်သည် ကျင်းတစ်ခုရှာပြီးသာ ပုန်းနေချင်ဝောာ့သည်။ သူယဲ့ချန်ကို ဒေါသထွက်ချင်ပေမဲ့လည်း တမင်ရည်ရွယ်ပြီးလုပ်တာ မဟုတ်မှန်း သိနေသည်။
အနောက်တန်းက ကျောင်းသားအားလုံးနီးပါးကလည်း ဒါကိုမြင်လိုက်ကြသည်။ ရယ်မောသံများ ထွက်လာကြပြီး ရယ်ရလွန်းတာကြောင့် မျက်လုံးတွေပင် ရဲလာကြသည်။
ချင်းလောင်သည် ဒေါသတကြီးဖြင့် စာအုပ်တစ်အုပ်ယူကာ ရယ်မောနေသူတစ်ယောက်ဆီ ပစ်ပေါက်လိုက်သည်။ အထက်တန်းကျောင်းစာအုပ်များက များပြားတာမို့ ချင်းလောင်၏ ခုံစောင်းပေါ်ရှိ တောင်လိုပုံနေသော စာအုပ်များမှာ အလွန်လျှင်မြန်စွာဖြင့် ဆွဲယူပစ်ပေါက်ခြင်းကို ခံရလေသည်။
သူ့ရင်ဘတ်သည် အလွန်လေးလံနေပြီး မျက်နှာကလည်းနီရဲနေကာ စိတ်ပြေလျော့စရာ တစ်ကွက်လေးပင် မရှိပါချေ။
တစ်ဘက်က ယဲ့ချန်ကတော့ တိတ်ဆိတ်နေပြီး ကိုယ်ကိုကိုင်းကာ ချင်းလောင်‌ကြောင့် ပစ်ပေါက်ခံထားရသော စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် လိုက်ကောက်သည်။
သူ့အသားအရည်ကတော့ ချင်းလောင်နှင့်ယှဉ်ပါက စောစောကထက် ပိုပြီးအဆင်ပြေလာပုံပေါ်သည်။ ချင်းလောင်ကတော့ အတန်းစသည်အထိ ပြဿနာရှာနေခဲ့သည်။
အတန်းတက်တော့လည်း လက်နှစ်ဘက်ကို ရင်ဘတ်၌ ပိုက်ထားလျက်ဖြင့် စာသင်ဘောကို ဒေါသတကြီးကြည့်နေပုံက တစ်ယောက်ယောက်ကို သတ်ပစ်ချင်နေသည့်နှယ်။
— အဖြစ်အပျက်ကို နားမလည်လိုက်ဘူးဆိုရင်တောင် သူ့ရဲ့ပထမဆုံးအနမ်းလေးက ဒီလိုနဲ့ပါသွားပြီလို့...။ ရုတ်တရက်ကြီး အကောင်းဆုံးသူငယ်ချင်းဆီကနေ လုယက်ခံလိုက်ရတာပါဆို...။
ချင်းလောင်သည် ဒေါသတကြီးဖြင့် wet tissue ကိုထုတ်ကာ ပါးစပ်ကိုခပ်ကြမ်းကြမ်းသုတ်ပစ်သည်။ သူငြင်သာမနေနိုင်ပါချေ။ သူ့နှုတ်ခမ်းလွှာတွေ ပွန်းပဲ့လာသည်အထိ စိတ်လိုက်မာန်ပါလုပ်ပြီးမှ နာရကောင်းမှန်းသိပြီး ဒေါသတကြီး ညည်းညူသံလေးထွက်လာသည်။
စင်ဂယ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now