Chapter 16

224 13 0
                                    


🎋 Zui Xing Mai Shen
🎋Chapter 16

"မင်းဆီ ဖုန်မျိုးရိုးက မြင်းလှည်းဝယ်တယ်လို့ ဆိုလိုတာလား။ သူရေလမ်းနဲ့ မသွားဘူးလား"

ဆိုင်မန်နေဂျာက "ဟုတ်ပါတယ်၊ သခင်ဖုန်က အစကရေလမ်းနဲ့သွားတော့မလို့ပဲ၊ ဘာကြောင့်ကုန်း လမ်းကိုပြောင်းသွားလဲတော့ သေချာမသိဘူး၊ ငါ သူ့ကို သတိပေးလိုက်ပြီးသား၊ ကုန်းလမ်းကသွား လာရခက်တယ်၊ မကြာသေးခင်ကမှ သူခိုးတွေပေါလာပါတယ်‌ပြောလည်း နားမထောင်ဘူး”

ဖန့်ကျင့်ကျိုက်က ဆိုင်မန်နေဂျာစားပွဲပေါ် ခေါင်းငုံ့ပြီးတွေးတောလိုက်ကာ ဆိုင်မန်နေဂျာကို

"နှင်းဖြူ ကိုမှီနိုင်တဲ့ မြင်းတစ်ကောင်ကို ရှာပေးနိုင်မလား" လို့ မေးလိုက်တယ်။

ဆိုင်မန်နေဂျာက ရယ်ပြီးပြောလိုက်တယ်

"ငယ်ငယ်တုန်းကပဲ 'စနိုးဝှိုက်' က မိုင်ထောင်ချီပြေးနိုင်တာ အခုက အသက်ကြီးနေပြီ၊ သိပ်မမြန်တော့ဘူး"

ဖန့်ကျင့်ကျိုက်လည်း ဖုန်ရုန်ချန်လုပ်ချင်တာကို နားမလည်ဘဲ၊ သူ့လှည်းအတွက် မြင်းဟောင်းတစ်စီးဝယ်ပြီး မြို့တော်ကိုပြန်ရောက်ဖို့အတော်ကြာအချိန်ယူရပေလိမ့်မည်။

ရှုခင်းတွေက အရမ်းကောင်းတယ်လို့ မပြောနဲ့၊ တလမ်းလုံး ရှုခင်းကြည့်ဖို့စီစဉ်နေလား ??

မဖြစ်နိုင်ဘူး။ မကြာခင်မှာ နွေဦးလက်ဖက်ရည်သောက်ချိန်ရောက်လာတော့မှာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဖုန်မိသားစုလက်ဖက်ရည်ဆိုင်က လက်ဖက် ရည်ကိုဖုန်လို့ နာမည်ပေးထားသဖြင့် လှည့်ပတ်ကစားရန်အချိန်မရှိတော့ချေ။

ဘာပဲဖြစ်ဖြစ် သိပ်ဂရုမစိုက်နိုင်တော့ဘူး!

ဖန့်ကျင့်ကျိုက်က သူ့အဝတ်အစားတွေကို ထုပ်ပိုးပြီးတိုက်ခိုက်ဖို့ ဓားပြတွေရဲ့ပုန်းအောင်းတတ်တဲ့ နေရာကို ဆိုင်င်ရှင်ကိုမေးပြီး သူတို့ကိုဖမ်းဖို့ သူ့မြင်းကိုအလျင်စလိုစီးရခဲ့ပါတယ်။

ဖန့်ကျင့်ကျိုက်က သူ့စိတ်ထဲမှာ 'ဒီစာရွက်ကို ငါပြန်မယူနိုင်ရင် နောက်ဆုတ်မှာမဟုတ်ဘူး'

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now