~၃~

398 87 91
                                    

Unicode

ကပွဲကြီးက စည်ကားသိုက်မြိုက်စွာ။ ကခုန်နေကြတဲ့ ကချေသည်တို့ကလည်း အရောင်အသွေးစုံလင်စွာ။ ဒီလိုခမ်းနားမှုတွေနဲ့ အလှမ်းဝေးတဲ့ ဂျီမင့်အတွက်ကတော့ အရာအားလုံးကထူးဆန်းလို့နေသည်။ ခုံပေါ်ရောက်လာသမျှ မုန့်ပဲသရေစာတွေ၊ ဖျော်ဖြေနေတဲ့ နန်းတွင်းကချေသည်တွေတိုင်းကို ဂျီမင် တအံ့တဩလိုက်ကြည့်နေမိသည်။

လူကြီးမင်းကတော့ သေရည်ကိုသာမော့သောက်ရင်း ဂျီမင့်ကို စောင့်ကြည့်နေသည်။ ခေါ်သာခေါ်လာခဲ့ရတာ ဂျီမင် ပျင်းရိနေမှာ၊ သိမ်ငယ်နေမှာ၊ ကြောက်ရွံ့နေမှာကို စိတ်ပူမိပေမယ့် အလှငယ်က သူ့ရှေ့မှာမြင်နေရတာတွေကိုသာ စိတ်ဝင်တစားဖြစ်ကာ ကျန်တဲ့အရာတွေကို အာရုံရှိမနေသည့်အတွက် စိတ်အေးရသည်။

မကြာခဏဆိုသလိုလည်း...

" လူကြီးမင်း ဟိုကိုကြည့်ပါဦး လှလိုက်တာ "

" အဲ့တာ ရမ်ကာပြဇာတ်အပြင်အဆင်တွေလေ "
(ရာမနဲ့လက္ခဏာပြဇာတ်ကို သူတို့ဆီမှာရမ်ကာပြဇာတ်လို့ခေါ်ပါတယ်)

"လူကြီးမင်း ဒီဟာလေးစားကြည့်"

" ဂျီမင်ပဲ အများကြီးစားပါ "

" လူကြီးမင်း ဟိုလူဝတ်ထားတဲ့ပိုးထည်က ကျွန်တော့်ဟာနဲ့တူတူပဲ ဒါပေမယ့် ကျွန်တော့်လောက်ကြည့်မကောင်းဘူး "

" အင်း သူ့ဟာကအတု၊ ကိုယ်က ဟန်ယန်းက ပိုးထည်အစစ်ကိုဝယ်ပေးထားတာ "
(ဂျိုဆွန်းခေတ်မှာ ဆိုးလ်မြို့ကို ဟန်ယန်းလို့ခေါ်ပါတယ်)

" လူကြီးမင်း ဟိုကောင်မလေးတွေက ကျွန်တော့်ကိုကြည့်နေတယ် "

" ဂျီမင်က လှလို့ "

" ကျွန်တော်ရော သေရည်သောက်ကြည့်လို့ရလား "

" ဒါတော့မရဘူး "

စံအိမ်မှာနဲ့မတူကွဲပြားစွာ ဘေးကနေ စကားထိုင်များနေတဲ့ ဂျီမင့်ကြောင့် စိစစ်ရေးသခင်ကြီးခမျာ ပျင်းစရာကောင်းတဲ့ပွဲတော်ကြား မပျင်းနိုင်တော့ပါချေ။ နောင်အခါများတွင်တော့ စစ်မြေပြင်မှလွဲ၍ သူဘယ်သွားသွား ဂျီမင့်ကိုခေါ်သွားမည်ဟု တေးထားလိုက်သည်။

တိမ်တိုက်တွေရဲ့အလွန် ( တိမ်တိုက်တွေရဲ့အလွန် )Where stories live. Discover now