~၆~

306 65 60
                                    

Unicode

လေးလံနေတဲ့မျက်ခွံတွေကို ဖွင့်လိုက်တော့ အလင်းရောင်က ဂျီမင့်မျက်လုံးထဲဝင်ရောက်လာသည်။ မျက်လုံးတွေကို ပြန်မှိတ်ပြီး လက်နဲ့ခပ်ကြမ်းကြမ်းပွတ်မိတော့ နွေးထွေးကြမ်းတမ်းတဲ့လက်တစ်ဖက်က ဂျီမင့်လက်ကောက်ဝတ်ကို အသာဆွဲကိုင်တယ်။

" အရမ်းမလုပ်နဲ့လေ၊ မျက်လုံးတွေနာကုန်မယ် "

ခပ်ရှရှအသံကိုကြားမှ ဂျီမင်အပြည့်အဝနိုးလာခဲ့သည်။ မျက်လုံးပွတ်နေတာကိုရပ်ပြီး အသံလာရာကိုကြည့်လိုက်တော့ လူကြီးမင်းက ဂျီမင့်နားမှာ ဘေးတစောင်းဝင်လှဲပြီး လက်ထောက်ကာ ဂျီမင့်ကိုကြည့်နေသည်။ လူကြီးမင်းက အနီရောင်ဝတ်စုံအပြည့်နဲ့ ဆံပင်ကိုလည်းသေချာစည်းပြီး နဖူးစည်းကိုလည်းပတ်ထားသည်။ တစ်နေရာရာ သွားမည့်ပုံပင်။

ယခုမနက် ဂျီမင်တွေ့မြင်နေရသည့် လူကြီးမင်းရဲ့အသွင်က စိစစ်ရေးသခင်ကြီးပီသစွာ ခက်ထန်မာကျောနေသည်။ သို့ပေတိ ဂျီမင့်ကိုကြည့်နေသည့် စူးရှတဲ့ အညိုရောင်မျက်ဝန်းတွေကတော့ နူးညံ့ငြင်သာစွာတောက်ပပြီး ပြုံးရိပ်သန်းနေသည်။

" လူကြီးမင်း ဘယ်သွားမလို့လဲ "

" နန်းတွင်းက အခေါ်လွှတ်လို့ "

" စစ်ပွဲကိစ္စလား "

" အင်း အဲ့တာ ညီလာခံလုပ်မယ်ဆိုလို့ "

" အဲ့တာကို မသွားသေးဘဲ ဘာလုပ်နေတာလဲ "

" ဂျီမင် မနိုးသေးလို့ "

" ကျွန်တော်နဲ့ဘာဆိုင်လို့လဲ "

" သွားတော့မယ်နော်လို့ ​ပြောသွားချင်လို့ "

" နှိုးလိုက်တာမဟုတ်ဘူး၊ အခုနိုးပြီ၊ နောက်မကျခင် မြန်မြန်သွားနော် "

" အင်း ကိုယ်သွားပြီနော် ဂျီမင်၊ ဘယ်မှလျှောက်မသွားနဲ့ "

" ဟုတ် "

ဂျီမင့်ခေါင်းကို အသာပုတ်လို့ အဆောင်အပြင်ထွက်လာခဲ့သည်။ အသင့်ပြင်ပေးထားတဲ့ မြင်းညိုကြီးကိုစီးပြီး နန်းတော်ဆီ ဒုန်းစိုင်းနှင်မိသည်။ အချိန်လင့်နေလေပြီ။

ဂျီမင်လည်း ကိုယ့်အဆောင်ကိုယ်ပြန်ဖို့တွေးပြီး အပြင်ထွက်လာလိုက်သည်။ အစေခံတွေကတော့ ခပ်လှမ်းလှမ်းမှာ ဟိုတစ်စု ဒီတစ်စု။ ဂျီမင့်အဆောင်ရှိရာ အနောက်ဘက်စံအိမ်ကိုသွားသည့်လမ်းတွင် ရေကန်ကြီးတစ်ကန်ရှိသည်။ ဂျီမင်အမှတ်မထင် ထိုရေကန်ကိုလှမ်းကြည့်မိတော့ ပန်းချီဆွဲနေတဲ့ ဂျောင်ကုကိုတွေ့ရလေသည်။

တိမ်တိုက်တွေရဲ့အလွန် ( တိမ်တိုက်တွေရဲ့အလွန် )Where stories live. Discover now